DVB Logo
Home
မြန်မာသတင်း
ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသည့် ကျောင်းသားအား ဆီဘောက်ဆာကား ကြိတ်၍ သေဆုံး
DVB
·
June 3, 2018
ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသည့် ကျောင်းသားအား ဆီဘောက်ဆာကား ကြိတ်၍ သေဆုံး
Donate to DVB

 

မိတ္ထီလာမြို့နယ် မိတ္ထီလာ-မြင်းခြံလမ်း၊ မိုင်တိုင် ၂/၃နှင့်၎ အကြားမှာ ဇွန် ၂ ရက် နေ့လယ်က ဆိုင်ကယ်ပေါ်မှ ပြုတ်ကျတဲ့ ၁၀ တန်းကျောင်းသားအား ဆီဘောက်ဆာကားက ကြိတ်မိလို့ အခင်းဖြစ်နေရာမှာ သေဆုံးသွားတယ်လို့ မိတ္ထီလာမြို့မရဲစခန်းက ပြောပါတယ်။

ဖြစ်စဉ်မှာ မိတ္ထီလာသွားနေတဲ့ ကင်တာကား နောက်ပိုင်းကို သူရအောင် မောင်းပြီး နောက်ခုံမှာ ၁၀ တန်းကျောင်းသား ဌေးနိုင် လိုက်လာတဲ့ ဆိုင်ကယ်က ဝင်တိုက်လိုက် တာကြောင့် ဆိုင်ကယ်ပေါ်ကနေ လမ်းပေါ်လွင့်ကျသွားတဲ့ ဌေးနိုင်ကို အောင်မင်း မောင်းလာတဲ့ ဆီဘောက်ဆာကားက တက်ကြိတ်မိလို့ သေဆုံးသွားတာပါ။

မိတ္ထီလာမြို့မရဲစခန်း ဒုရဲအုပ်စိုးမိုးကျော်က "ဌေးနိုင်ကတော့ ဦးခေါင်းကြေသွားတာပေါ့၊ နေရာတင် သေဆုံးသွားတယ်။ သူရအောင်က ဘယ်ဘက် လက်နဲ့ပေါင်မှာ ဒဏ်ရာရတယ်။ နှာခေါင်းနဲ့ ခြေမပေါက်သွားတယ်၊ မိတ္ထီလာဆေးရုံ ပို့ပေးရတယ်" လို့ပြောပါတယ်။

ဒေသခံ ဦးကျော်ဦးက "ကလေးက ၉ တန်းအောင်ပြီး ဒီနှစ်မှ ၁၀ တန်းတက်ရတာပေါ့ အရှိန်တွေက များကြတော့ မထိန်းနိုင်ဖြစ်ကုန်တာပါ။ ဌေးနိုင်ကို ဆီဘောက်ဆာကား အောက်က ထုတ်ယုရတယ်" လို့ ပြောပါတယ်။

‎မိတ္ထီလာမြိုမရဲစခန်းမှာ သူရအောင်နဲ့အောင်မင်းတို့ ၂ ဦးကို ယာဉ်မဆင်မခြင်မောင်း၍ လူသေဆုံးမှု၊ ပြင်းထန်ဒဏ်ရာရမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ နဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013