DVB Logo
Home
မြန်မာသတင်း
ကယန်းစာ​ပေနှင့် ယဉ်​​ကျေးမှု ထိန်းသိမ်းမြှင့်တင်​ရန်​ ညီလာခံကျင်းပ
DVB
·
June 3, 2018
ကယန်းစာ​ပေနှင့် ယဉ်​​ကျေးမှု ထိန်းသိမ်းမြှင့်တင်​ရန်​ ညီလာခံကျင်းပ
Donate to DVB

ကယန်းလူ​မျိုး​တွေရဲ့ စာ​ပေနဲ့ ယဉ်​​ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ရေးအတွက် ရည်ရွယ်ပြီး ကယန်းစာ​ပေနဲ့ ယဉ်​​ကျေးမှု ဗဟို​ကော်​မတီရဲ့ တတိယအကြိမ်​​မြောက်​ ညီလာခံကို ကယန်း​ဒေသ၊ ဝါရီ​ကောခူ ​ကျေးရွာ ခန်းမ​ဆောင်​မှာ ပြုလုပ်​ခဲ့ပါတယ်​။

ဇွန်​ ၁ ရက်​​နေ့ကစပြီး ၂ ရက်​ကြာ ပြုလုပ်​ခဲ့တဲ့ ဒီညီလာခံမှာ ကယန်းစာ​ပေနဲ့ ယဉ်​​ကျေးမှုဗဟို​ကော်​မတီရဲ့ ၃ နှစ်​တာ လုပ်​ငန်းအစီရင်​ခံစာတင်​ပြတာ​တွေနဲ့ ဗဟို​ကော်​မတီဝင်​အသစ်​​ ပြန်​လည်​​​ရွေးချယ်​တာ​တွေ ပြုလုပ်​ခဲ့ပါတယ်။

ညီလာခံမှာ ကယန်းစာ​ပေနဲ့ ယဉ်​​ကျေးမှုဗဟို​ကော်​မတီ အတွင်း​ရေးမှူး ၂ အဖြစ်​ ​ရွေးချယ်​ခံရတဲ့ ခွန်းလွီးဇီက "အဓိက စာ​ပေသင်​ကြား​ရေးအပိုင်းကို ကျ​နော်​တို့ ဖိဖိ​စီးစီးလုပ်​​ဆောင်​​နေတယ်​။ သင်​ရိုးညွှန်းတမ်း​ရေးဆွဲ​ရေးအပိုင်းနဲ့ ဆရာမ​မွေးထုတ်​တဲ့ အပိုင်းကို အများကြီး ကျ​နော်​တို့ အားဖြည့်​ဖို့လိုတယ်​။ ​နောက်​သက်​တမ်းမှာ စာ​ပေသင်​ကြား​ရေးကို ​ဒေသတိုင်းမှာ ၁ နှစ်တာလုပ်​​ဆောင်​ရမယ့် လုပ်​ငန်း​တွေအဖြစ်​ ကျ​နော်​တို့ ဆွဲထားမယ်​" လို့ ​ပြောပါတယ်​။

ဒါ့အပြင်​ ကယန်းတိုင်းရင်းသား​ရေးရာဝန်​ကြီးနဲ့ ပြည်​နယ်​အစိုးရ​တွေကိုလည်း ချိတ်​ဆက်​လုပ်​​ဆောင်​သွားမှာဖြစ်​ပါတယ်​။ ကယန်းစာ​ပေနဲ့ ယဉ်​​ကျေးမှု ဗဟို​ကော်​မတီဟာ ရန်ပုံ​ငွေလိုအပ်​ချက်​​တွေရှိတာ​ကြောင့် အစိုးရအ​နေနဲ့ ကူညီပံ့ပိုး​ပေးဖို့ လိုအပ်​တယ်လို့ ပြောပါတယ်​။

ကယန်းစာ​ပေနဲ့ ယဉ်​​ကျေးမှုဗဟို​ကော်​မတီဟာ ကယန်းစာ​ပေသင်​ကြားတာ​တွေ၊ ကယန်းပြက္ခဒိန်​နှစ်​စဉ်​ထုတ်​​ဝေတာ​တွေ၊ ကယန်းပုံပြင်​စာအုပ်​ထုတ်​​ဝေတာ​တွေ၊ ကယန်းရိုးရာ ဘုံဝတ်​စုံဖြန့်​ချိတာ​တွေ၊ ကယန်းအမျိုးသား​နေ့ကျင်းပတာ​တွေနဲ့ ကယန်းသမိုင်း စာထုတ်​​ဝေတာ​တွေ လုပ်​​ဆောင်​​ပါတယ်​။

ကယန်းလူမျိုး​တွေဟာ ​နေပြည်​​တော်​​ကောင်​စီ၊ ရှမ်း၊ ကယားနဲ့ ကရင်​ပြည်​နယ်​​တွေမှာ ​နေထိုင်ကြသလို​ ကဲ​​ဒေါ့၊ လထာ၊ က​ခေါင်းနဲ့ ကငန်​စတဲ့ ကယန်းမျိုးနွယ်​စု ​လေး ၄ စုရှိ​ပေမယ့် ကယန်းဘုံဘာသာစကားနဲ့ ဘုံယဉ်​​ကျေးမှုကိစ္စရပ်​​တွေကို ထိန်းသိမ်းမြှင့်​တင်​နိုင်​ဖို့အတွက်​​​ ကယန်းစာ​ပေနဲ့ ယဉ်​​ကျေးမှု ဗဟို​ကော်​မတီကို ဖွဲ့စည်းထားတာပါ။

ကယန်းစာ​ပေနဲ့ ယဉ်​​ကျေးမှုဗဟို​ကော်​မတီကို ၂၀၀၀ ခုနှစ်​မှာ ကျင်းပခဲ့တဲ့ ပထမအကြိမ် ​ကယန်းအမျိုးသားညီလာခံမှာ ဖွဲ့စည်းခဲ့ပြီး ကယန်းတစ်​မျိုးသားလုံးရဲ့ ကယန်းစာ​ပေနဲ့ ယဉ်​​ကျေးမှု ကဏ္ဍကို မြှင့်​တင်​​ပေးတဲ့အဖွဲ့ဖြစ်​ပါတယ်​။

သတင်း၊ ဓာတ်​ပုံ- ခွန်းတူးတူး​လေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013