DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံး တက္ကသိုလ်ဝင်တန်း အမှတ်အများဆုံးရရှိခဲ့သူ မသင်းမြနွေး၏ ပြောကြားချက် (ရုပ်သံ)
DVB
·
June 3, 2018
တနိုင်ငံလုံး တက္ကသိုလ်ဝင်တန်း အမှတ်အများဆုံးရရှိခဲ့သူ မသင်းမြနွေး၏ ပြောကြားချက် (ရုပ်သံ)
Donate to DVB

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေကို မနေ့က  ထုတ်ပြန်ခဲ့ပြီး အထက(၁) ဒဂုံကနေ ခုံနပါတ် ဆဒဂ (၂၉၁) ကျောင်းသူ မသင်းမြနွေးက ၅၅၃ မှတ်နဲ့ တနိုင်ငံလုံး အမှတ်အများဆုံး ရရှိခဲ့ပါတယ်။

တက္ကသိုလ်ဝင်တန်း အမှတ်အများဆုံးရရှိအောင် စာသင်နှစ်ကအစ ကြိုးစားခဲ့ရပုံကို မသင်းမြနွေးက အခုလို ပြောပါတယ်။

“စာသင်နှစ်အစကနေ စပြီးတော့ တနေ့စာတနေ့ မှန်မှန်လုပ်တယ်။ စာအကြွေးမရှိအောင် လုပ်တယ်။ ပြီးရင် ဆရာမတွေ သင်နေတဲ့အချိန်မှာ သေသေချာချာ လေ့လာမှတ်သားတယ်။ ကိုယ်မသိတာရှိရင် ဆရာမတွေကို ချက်ချင်းပြန်မေးတယ်။ စာမေးပွဲတွေ ဖြေတဲ့အခါကျရင်လည်း သေချာ ဂရုစိုက်ပြီးတော့ တကယ်လို့ ကိုယ်မှားသွားခဲ့ရင်လည်း အဲဒီအမှားကို သေချာမှတ်ထားပြီး နောက်ဒီလို အမှားမျိုး မလုပ်မိအောင်ပေါ့ ကြိုးစားပါတယ်ရှင့်။ ဆယ်တန်းဆို တာ တအားအရေးကြီးတယ်ဆိုတော့ အရမ်းတော့ စိတ်လှုပ်ရှားမိတယ်။ ပြီးရင် The whole Burma First ရအောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ထားရှိတယ်ပေါ့။”

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တနိုင်ငံလုံး ဝင်ရောက်ဖြေဆိုသူ ၇၈၉၈၄၅ ယောက်ထဲမှ ၂၅၉၁၉၁ ယောက် အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းက ၃၂ ဒသမ ၈၂ ရာခိုင်နှုန်းရှိတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013