DVB Logo
Home
မြန်မာသတင်း
ပလတ်စတစ်ကင်းစင်ရေး လှုပ်ရှားမှု ဦးပိန်တံတား နှင့် မယ်ဇယ်တန်းတွင် ပြုလုပ်
DVB
·
June 2, 2018
ပလတ်စတစ်ကင်းစင်ရေး လှုပ်ရှားမှု ဦးပိန်တံတား နှင့် မယ်ဇယ်တန်းတွင် ပြုလုပ်
Donate to DVB

မန္တလေး၊ အမရပူရမြို့နယ် တောင်သမန်အင်း ဦးပိန်တံတားနဲ့ မယ်ဇယ်တန်းမှာ ဒီနေ့ မနက်ပိုင်းက ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့အကြို ပလပ်စတစ်ကင်းစင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

အဲဒီလှုပ်ရှားမှုကို Clean Mandaly နဲ့Trash Hero Mandalay တို့ ပူးပေါင်း လုပ်ဆောင်တာဖြစ်ပြီး ကျောင်းသားကျောင်းသူတွေနဲ့နိုင်ငံခြားသားတချို့လည်း ပါဝင်ခဲ့ပါတယ်။

နိုင်ငံတိုးတက်ကောင်းမွန်အောင် ပြောင်းလဲနေချိန် လူတိုင်း စည်းကမ်းရှိဖို့ နိုင်ငံအတွင်း သာယာလှပတဲ့ နေရာတွေမှယ စည်းကမ်းမဲ့ အမှိုက်ပစ်တာကြောင့် မပျက်စီးစေဖို့၊ မိမိနိုင်ငံသာမက ကမ္ဘာလောကကြီး သာယာလှပဖို့ ပြည်သူတွေအနေနဲ့ တဦးတယောက်ချင်း အမှိုက်တွေကို အမှိုက်ပုံးထဲ ထည့်ပစ်ပေးစေဖို့ ရည်ရွယ်ပြီး အခုလို ပလတ်စတစ် ကင်းစင်ရေး လှုပ်ရှားမှု ပြုလုပ်တာဖြစ်ပါတယ်။

Clean Mandaly နဲ့ Trash Hero Mandalay အဖွဲ့တွေဟာ မန္တလေးမြို့ရဲ့ အထင်ကရနေရာတွေ၊ ပြည်တွင်း ပြည်ပ ခရီးသွား ဧည်သည်တွေ လာရောက်တဲ့ နေရာတွေမှာ ပလပ်စတစ် ကင်းစင်ရေး လှုပ်ရှားမှုတွေကို အပတ်စဉ် ပြုလုပ်နေသလို အသိပညာပေးတာကိုလည်း လုပ်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013