DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 2, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် တစ်အိတ်ကို ၅၁၃၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ မတ်ပဲ အဟောင်းက တအိတ်ကို ၅၃၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။

ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ် ကို ၂၃၀၀  ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက အဟောင်းက  တအိတ်ကို ၅၀၈၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးပွဲစားကုန်သည် စက်ပိုင်အသင်းမှာလည်း အဟောင်းက  တအိတ်ကို ၄၈၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို  ၂၃၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ပဲကြီး(ရွှေကျွန်း)

ရန်ကုန်ကုန်စည်ဒိုင်မှာ ပဲကြီး(ရွှေကျွန်း)က တတင်းကို ၃၃၄၀၀ ကနေ ၃၄၁၀၀ ပေါက်ဈေးရှိပါတယ်။အောင်လံကုန်စည် ဒိုင်မှာတော့ တစ်တင်းကို ၃၃၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ရန်ကုန်နဲ့ အောင်လံ ကုန်စည်ဒိုင် တတင်းကို ၁၁၀၀ ဈေးကွာခြားမှုရှိပါတယ်။

ကုလားပဲ

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 u 57.25 ပိဿာ ၀င် တစ်အိတ်ကို ၆၃၀၀၀ ကနေ ၆၄၀၀၀ ပေါက်ဈေးရှိပြီး တတင်းကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်အိတ်ကို ၆၄၂၀၀  ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၂၀၀ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၂၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ဆန်ပြောင်း

မန္တလေးကုန်စည်ဒိုင်မှာ ဆန်ပြောင်းက ပိဿာ ၆၀ ၀င် တစ်အိတ်ကို ၅၃၀၀၀ ကနေ ၅၅၀၀၀ ပေါက်ဈေးရှိပြီး မနေ့ကဈေးအတိုင်းပြောင်းလဲမှုရှိပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၅၁၀၀၀ ကနေ ၅၄၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၁၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

စီပီပြောင်း

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ စီပီပြောင်း ၅၄ ပိဿာ ၀င် တစ်အိတ်ကို ၃၂၀၀၀ ကနေ ၃၃၀၀၀ ပေါက်ဈေးရှိပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၃၂၁၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၉၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013