DVB Logo
Home
မြန်မာသတင်း
ကလေးမြို့ တက္ကသိုလ်ဝင်တန်းအောင်ချက် ယခင်နှစ်ထက် အနည်းငယ်ကျဆင်း
DVB
·
June 2, 2018
ကလေးမြို့ တက္ကသိုလ်ဝင်တန်းအောင်ချက် ယခင်နှစ်ထက် အနည်းငယ်ကျဆင်း
Donate to DVB

ကလေးမြို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမှု ၂၀၁၈ အောင်ချက်ဟာ ၂၀၁၇ ခုနှစ်ထက် အနည်းငယ် ကျဆင်းခဲ့တယ်လို့ ကလေးမြို့နယ် ပညာရေးမှူး ဦးစန်းယုက ဒီဗွီဘီကို ပြောပါတယ်။

“ဖြေဆိုမှု အောင်ချက်က မနှစ်က ၃၃၊ ဒီနှစ် ၃၀ ကျော်ဆိုတော့ ရာခိုင်နှုန်း အနည်းငယ် ကျဆင်းပါတယ်။ ဘာဖြစ်လို့ ကျဆင်းတယ်ဆိုတာကတော့ ဖြေကြားရခက်ပါတယ်။ ဒါကို အဖြေရှာပြီး ကျနော်တို့ နောင်နှစ်အတွက် ပြင်ဆင်နိုင်မှာပါ။”

ကလေးမြို့နယ်မှာ ၂၀၁၈ ခုနှစ်အတွက် အထက ကျောင်းပေါင်း (၁၄) ကျောင်းက စာမေးပွဲ ဖြေဆိုသူပေါင်း ၁၀၄၀၀ ကျော်ရှိခဲ့ပြီး ၃၁၈၈ ဦးပဲ အောင်မြင်ခဲ့ပါတယ်။ အောင်ချက် ရာခိုင်နှုန်း ၃၀ ဒသမ ၅၄၊ ၂၀၁၇ အောင်ချက်ရာခိုင်နှုန်းကတော့ ၃၃ ဒသမ ၇၃ ထိ ရှိခဲ့ပါတယ်။

“ဒီနှစ် အောင်ချက်ရာခိုင်နှုန်း ကျပေမယ့် တနိုင်ငံလုံး အမှတ်အများဆုံး ထိပ်ဆုံး (၁၀) ဦး စာရင်းမှာတော့ ကျောင်းသားတစ်ဦးပါခဲ့ပါတယ်။ သူက စက-၉၆၀၁ နဲ့ အပြင်ဖြေ ကျောင်းသား မောင်ဒုဘိမ်ကျဲအို ဖြစ်ပြီး အထက (၇) မှာ ကနေ ဖြေဆိုခဲ့တာဖြစ်တယ်” လို့လည်း ဦးစန်းယုက ပြောပါတယ်။

ဂုဏ်ထူးရ အရေအတွက်အနေနဲ့ ၂၀၁၇ ခုနှစ်က ဘာသာစုံ ၂ ဦး၊ ၅ ဘာသာက ၁၆ ဦး၊ လေးဘာသာက ၃၆ ဦး၊ ၃ ဘာသာ ၆၆ ဦး၊ ၂ ဘာသာ ၉၁ ဦးနဲ့ ၁ ဘာသာ ၄၁၅ ဦး ရှိခဲ့ပေမယ့် အခု ၂၀၁၈ ဂုဏ်ထူးရစာရင်းတွေကိုတော့ စိစစ်နေဆဲဖြစ်တယ်လို့ ပညာရေးဝန်ထမ်းတဦးက ဆိုပါတယ်။

၂၀၁၈ ခုနှစ် တက္ကသိုလ် ၀င်တန်းဖြေဆိုသူတွေနဲ့ အပြင်ဖြေနဲ့ အတွင်းဖြေ စာရင်းအရလည်း အပြင်ဖြေသူ ရာခိုင်နှုန်းက ပိုများနေပြီး အပြင်ဖြေဆိုသူ အောင်ချက် ၃၅ ဒသမ ၈၅ ရှိခဲ့ပါတယ်။ အတွင်းဖြေဆိုသူကတော့ ၂၆ ဒသမ ၈၁ ရာခိုင်နှုန်း ဖြစ်တယ်လို့ သိရပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013