DVB Logo
Home
မြန်မာသတင်း
မိုးညှင်း ကိုယ်ထူကိုယ်ထကျောင်းကို အခြခံပညာမူလတန်းကျောင်းခွဲအဖြစ် အသိအမှတ်ပြု
DVB
·
June 2, 2018
မိုးညှင်း ကိုယ်ထူကိုယ်ထကျောင်းကို အခြခံပညာမူလတန်းကျောင်းခွဲအဖြစ် အသိအမှတ်ပြု
Donate to DVB

ကချင်ပြည်နယ်မိုးညှင်းမြို့နယ်၊ ရွှေပေါက်ကံကျေးရွာမှာ ဇွန် ၁ ရက်နေ့မနက် ၁၀ နာရီက ကျေးရွာကိုယ်ထူကိုယ်ထ မူလတန်းကျောင်းကို အခြေခံပညာမူလတန်းကျောင်းခွဲအဖြစ် အဆင့်တိုးမြင့်ဖွင့်လှစ်လိုက်ပါတယ်။

အဆိုပါကျေးရွာဟာ ၂၀၁၄ ခုနှစ်မှ စတင်ပြီး အကြိမ်ကြိမ် ပြောင်းရွေ့ဖို့ တရားစွဲဆိုခံထားရပြီး ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်စမ်းစမ်းအိ ကနေပြီး ပြည်ထဲရေး အမည်ပေါက်ရှိနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ပေးနေတယ်လို့ ကျေးရွာဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ကပြောပါတယ်။

ကျေးရွာကိုယ်ထူကိုယ်ထကျောင်းဖွင့်ပြီး တနှစ်အကြာမှာပဲ အခုလို အခြေခံမူလတန်းကျောင်း(ခွဲ) အဖြစ်ကိုရရှိခဲ့ပြီး ကျောင်းသားဦးရေအလိုက် အခြေခံမူလတန်းကျောင်းအဖြစ်ပါ အဆင့်ဆင့် အသိအမှတ်ပြုပေးသွားမယ်လို့ မိုးညှင်းခရိုင်ပညာရေးမှုးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းမောင်က ရှင်းပြပါတယ်။

“ဒီရွှေပေါက်ကံ ကျေးရွာမှ ကျောင်းနေအရွယ်ကလေးငယ်မှန်သမျှ ကျောင်းနေစေရေးအတွက် ဆက်လက်ကူညီသွားမှာ ဖြစ်တယ်။ ကျေးရွာခန့် ဆရာမ ၂ ဦးကိုလည်း သင်ထောက်ကူသင်တန်း များကို တက်ရောက်စေခဲ့ပါတယ်” လို့ ပြောပါတယ်။

အရင်နှစ်ကျောင်းသားကျောင်းသူ ၂၉ ဦးဖြစ်ပြီး အခုနှစ် အယောက် ၃၀ ကျော်လာပြီး ဆရာမ ၃ ဦး ငှားနိုင်ခဲ့ပြီလို့ သိရပါတယ်။

အခုနှစ် ၂၀၁၈/၂၀၁၉ ပညာသင်နှစ်အတွက် ကချင်ပြည် နယ်အတွင်း အခြေခံပညာအထက်တန်း ၃ကျောင်း၊ အထက်တန်း ခွဲ ၄ ကျောင်း၊ အလယ်တန်း ၃ ကျောင်း၊ အလယ်တန်း ခွဲ ၃ ကျောင်း၊ မူလတန်းလွန် ၄ ကျောင်း၊ မူလတန်း ၄ ကျောင်း၊ မူလတန်း ခွဲ ၁၀ ကျောင်း အပါ စုစုပေါင်း ၃၁ ကျောင်းကို အခြေခံပညာဦးစီးဌာနမှ တိုးမြင့်ဖွင့်လှစ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013