DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ရာခိုင်နှုန်း ၇ နှစ်အတွင်း ဒုတိယအနည်းဆုံးဖြစ်
DVB
·
June 2, 2018
တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ရာခိုင်နှုန်း ၇ နှစ်အတွင်း ဒုတိယအနည်းဆုံးဖြစ်
Donate to DVB

ဒီနေ့ထုတ်ပြန်လိုက်တဲ့ တက္ကသိုလ်ဝင်တန်းအောင်စာရင်းအရ ဒီနှစ်ဟာ ပြီးခဲ့တဲ့ ၇ နှစ်အတွင်း အောင်မြင်သူ အများဆုံးဖြစ်ပေမယ့် အောင်ချက်ရာခိုင်နှုန်းကတော့ ဒုတိယအနည်းဆုံးဖြစ်ပါတယ်။

ဒီနှစ်မှာ ဝင်ရောက်ဖြေဆိုသူ ၇၈၉၈၄၅ ယောက်ရှိပြီး အောင်မြင်သူ ၂၅၉၁၉၁ ယောက်ရှိတာကြောင့် အောင်ချက်ရာခိုင်နှုန်းက ၃၂ ဒသမ ၈၂ ရာခိုင်နှုန်းရှိတာပါ။

တက္ကသိုလ်ဝင်တန်းအောင်ချက်ဟာ ၂၀၁၅ ခုနှစ်မှာ ၃၇ ဒသမ ၆၀ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ ၂၉ ဒသမ ၉၂ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

ဒီနှစ်အောင်ချက်တွေထဲမှာ နိုင်ငံခြား စာစစ်ဌာနက လွဲရင် မန္တလေးတိုင်းက ၃၈ ဒသမ ၁၇ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပါတယ်။

သူ့နောက်မှာတော့ ရန်ကုန်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်း အနောက်ခြမ်းတို့က အစဉ်လိုက်ရှိနေပါတယ်။

အရင်နှစ်တွေထက် ဂုဏ်ထူးရသူအရေအတွက်လည်း များခဲ့ပြီး အရင်နှစ်တွေက ဂုဏ်ထူးရသူ ၅၆၀၀၀ ကျော် အများဆုံး ရှိခဲ့ပြီး ဒီနှစ်မှာတော့ ၇၅၇၅၆ ယောက်ရပါတယ်။

အောင်ချက်အနည်းဆုံးကတော့ ချင်းပြည်နယ်ဖြစ်ပြီး ဖြေဆိုသူ ၁၀၁၆၈ ယောက်မှာ ၁၆၉၂ ပဲ အောင်မြင်တာကြောင့် အောင်ချက်က ၁၆ ဒသမ ၆၄ ရာခိုင်နှုန်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013