DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးပါတီများအား ဥပဒေနှင့်အညီ ကြီးကြပ်ရန် ကော်မရှင်ကို သမ္မတ ဦးဝင်းမြင့်ပြော
DVB
·
June 2, 2018
နိုင်ငံရေးပါတီများအား ဥပဒေနှင့်အညီ ကြီးကြပ်ရန် ကော်မရှင်ကို သမ္မတ ဦးဝင်းမြင့်ပြော
Donate to DVB

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်အရ နိုင်ငံရေးပါတီတွေကို ဥပဒေနဲ့အညီ ကြီးကြပ်ကြဖို့ သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။

သမ္မတ ဦးဝင်းမြင့်ဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ အဖွဲ့ဝင်တွေကို ဇွန် ၁ ရက်နေ့မနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်ဧည့်ခန်းမမှာ တွေ့ဆုံပြီး ပြောကြားခဲ့တာပါ။

ဒါ့အပြင် မဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် စနစ်တကျ ဆောင်ရွက်ကြဖို့၊ မဲစာရင်းတွေ တိကျမှန်ကန်စွာ ပြုစုဖို့နဲ့ မဲဆန္ဒရှင်နိုင်ငံသားတွေ မည်သည့်မဲရုံမှာ မဲပေးရမယ်ဆိုတာ လွယ်ကူစွာ သိရှိစေရေး ဆောင်ရွက်ကြဖို့ သမ္မတက ပြောပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးချုပ်မှာ တနိုင်ငံလုံးက နိုင်ငံရေး ပါတီတွေကို ခေါ်ယူတွေ့ဆုံပြီး ပါတီတွေရဲ့ အသံကို နားထောင်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲတွေအနေနဲ့ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတွေကို ကျေကျေညက်ညက် သိရှိ နားလည်စေဖို့ သင်တန်းတွေပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းတွေ ဆောင်ရွက်နေမှုနဲ့ ဆက်စပ်ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်နေမှု၊ ကော်မရှင်အဖွဲ့ခွဲတွေကို သင်တန်းတွေ ပို့ချနေမှုအခြေနေတွေကို တင်ပြခဲ့ပါတယ်။

တွေ့ဆုံပွဲကို သမ္မတ ဦးဝင်းမြင့်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမင်းသူ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ကော်မရှင် အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်၊ ဦးမြင့်နိုင်တို့ ဦးသန်းဌေးတို့ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013