DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို www.myanmarexam.org တွင် ၀င်ကြည့်နိုင်
DVB
·
June 2, 2018
တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို www.myanmarexam.org တွင် ၀င်ကြည့်နိုင်
Donate to DVB

နိုင်ငံတ၀န်းမှာ ဒီနေ့မနက် ၆ နာရီ စတင်ထုတ်ပြန်တဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွေကို စာစစ်ဌာနကျောင်းတွေအပြင် www.myanmarexam.org မှတဆင့် ဝင်ရောက် ကြည့်ရှုနိုင်တယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။

အောင်စာရင်းတွေကို မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာန ကျောင်းတွေမှာ တချိန်တည်း ကပ်ထားပေးသလို အင်းစိန်မြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၃) အခြေခံပညာ အထက် တန်းကျောင်း၊ လမ်းမတော်မြို့နယ် ၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံမြို့နယ်၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် သင်္ကန်းကျွန်းမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက် တန်းကျောင်း တို့တွင်လည်း တိုင်းဒေသကြီး/ပြည်နယ်တွေရဲ့ အောင်စာရင်းတွေကို ကပ်ထား ပေးတယ်လို့ ဆိုပါတယ်။

တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အောင်စာရင်းတွေအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးတွေ၊ ခရိုင်အလိုက် သိရှိလိုပါက သက်ဆိုင်ရာ ခရိုင်ပညာရေးမှူး ရုံးတွေနဲ့၊ မြို့နယ်အလိုက် သိရှိလိုပါက သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံး တွေမှာ ဒီနေ့မနက် ၆ နာရီနောက်ပိုင်း စုံစမ်းမေးမြန်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။

တနင်္သာရီတိုင်းဒေသကြိး မြိတ်မြို့နယ်မှာ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို ဒီနေ့မနက် ထုတ်ပြန်ခဲ့ပြီး ကျောင်းသူ/ သားတွေ လာရောက်ကြည့်ရှုနေကြပါတယ်။

ဓာတ်ပုံ-ဇော်ဇော်(မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013