DVB Logo
Home
မြန်မာသတင်း
ကျောင်းဖွင့်ရာသီ ရန်ကုန်တိုင်းအစိုးရအစီအစဉ်ဖြင့် ကျောင်းကားများစတင်ပြေးဆွဲ
DVB
·
June 1, 2018
ကျောင်းဖွင့်ရာသီ ရန်ကုန်တိုင်းအစိုးရအစီအစဉ်ဖြင့် ကျောင်းကားများစတင်ပြေးဆွဲ
Donate to DVB

၂၀၁၈-၁၉ ပညာသင်နှစ်အတွက် မြန်မာပြည်တ၀န်း အခြေခံပညာကျောင်းတွေ ဒီကနေ့ ဇွန်လ ၁ရက် မနက်က ပြန်လည်စတင်ဖွင့်လှစ်ရာမှာ ရန်ကုန်မှာတော့ ယာဉ်ကြော ကျပ်တည်းမှုကို သက်သာရာရစေဖို့ တိုင်းအစိုးရရဲ့အစီအစဉ်နဲ့ ကျောင်းတချို့မှာ School Bus ကျောင်းကားတွေနဲ့ စတင်ပြေးဆွဲပေးနေပါတယ်။

ကမာရွတ်တီတီစီကျောင်းနဲ့ ရန်ကင်း တီတီစီ ကျောင်းတွေမှာတော့ တိုင်းအစိုးရကပြေးဆွဲတဲ့  ဘယ်မောင်းအဝါရောင် School Bus တွေရှိသလို ၊ ပုဂ္ဂလိကပြေးဆွဲနေတဲ့ ကျောင်း ကြိုပို့ ယာဉ်တွေကိုလည်း ပြေးဆွဲခွင့်ပေးထားပါတယ်။

ကျောင်းကြိုပို့ယာဉ် စီးနင်းခနှုန်းထားတွေကို  မြို့နယ်အလိုက် သတ်မှတ်ကောက်ခံရာမှာ ကျောင်းသားကျောင်းသူ တဦးကို အနည်းဆုံး ကျပ် ၃၅ဝဝဝ- ၄ဝဝဝဝ လောက်ကနေ အများဆုံး ကျပ် ၇ဝဝဝဝ လောက်သတ်မှတ်ထားတာပါ။

တိုင်းအစိုးရကပြေးဆွဲပေးနေတဲ့ School Bus တွေဟာ ကလေးတွေရဲ့ လုံခြုံရေးပိုင်းကို စိတ်ချယုံကြည်ရအောင်ပြင်ဆင် ထားတယ်လို့သိရပါတယ်။ School Busတစ်စီးမှာ ယာဉ်မောင်းတစ်ဦးနဲ့ ယာဉ်ကြီးကြပ်မယ့် လုံခြုံရေးမယ်တစ်ဦးပါဝင်ပြီး ကလေးဦးရေ ၂၈ ဦးစီးနင်းလိုက်ပါနိုင်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြီးခဲ့တဲ့နှစ်က ကိုရီးယားနိုင်ငံကနေ ကျောင်းကားသစ် အစီး ၂ဝဝ ၀ယ်ယူခဲ့တာဖြစ်ပြီး  အစီး ၁ဝဝ ကျော်ကို ဒီနှစ် စတင်အသုံးပြုသွားဖို့ ရှိနေတာပါ။

အခုနှစ်မှာ ညာမောင်းယာဉ်တွေကို ကျောင်းကြို၊ ပို့ယာဉ်အဖြစ် ဆက်လက် အသုံးပြုခွင့်ပြုမှာဖြစ်ပေမယ့်  လိုက်ထရပ်ယာဉ်တွေကိုတော့ လုံးဝခွင့်မပြုတော့ဘူးလို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

အခုနှစ်ပညာသင်နှစ်မှာ ကျောင်းနေအရွယ်ကလေးငယ်တိုင်း ပညာသင်ကြားနိုင်ဖို့   အစိုးရကနေ အမခဲ့ပညာရေးစနစ်ကိုဖော်ဆောင်ပေးထားပြီး ကျောင်းအပ်နှံရာမှာလည်း ငွေကြေးနဲ့ ပစ္စည်းတွေ ပေးတာ၊ ယူတာတွေ မလုပ်ကြဖို့ ကျောင်းဆရာတွေကိုရော ကျောင်းသားမိဘတွေကိုပါ ပန်ကြားထားပါတယ်။

အခုပညာသင်နှစ်မှာ  အခြေခံပညာကျောင်းတွေမှာ တက်ရောက် ပညာသင်ယူကြမယ့် ကျောင်းသားကျောင်းသူ ဦးရေ မြန်မာတနိုင်ငံလုံးမှာ ၉ သန်းကျော်ရှိတယ်လို့ ခန့်မှန်းထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013