DVB Logo
Home
မြန်မာသတင်း
ကြည့်ရှုသူ ၃ သိန်းခွဲကျော်သွားခဲ့ပြီဖြစ်သည့် ရုပ်ရှင်ဇာတ်ဝင်တေး - သူရဲကောင်းအစစ်(ရုပ်သံ)
DVB
·
June 1, 2018
ကြည့်ရှုသူ ၃ သိန်းခွဲကျော်သွားခဲ့ပြီဖြစ်သည့် ရုပ်ရှင်ဇာတ်ဝင်တေး - သူရဲကောင်းအစစ်(ရုပ်သံ)
Donate to DVB

“အမေတွေ နေပျော်တဲ့နေရာ… အဖေတွေ စောင့်ရှောက်တဲ့နေရာ… ကလေးတွေ ပျော်ရွှင်တဲ့နေရာ… နိုင်ငံဖြစ်ထွန်းသတဲ့… ရာဇ၀င် ရှင်သန်တဲ့နေရာ… လုံခြုံနွေးထွေးတဲ့ နေရာ… သမိုင်းတွေ ထာဝစဉ်လှဖို့… လွယ်လွယ်လေးမဟုတ်ဘူး…”

ဒီသီချင်းကတော့ ‘သူရဲကောင်းအစစ်’ လို့ အမည်ပေးထားတဲ့ သီချင်းဖြစ်ပြီး မကြာခင်မှာ ရုံတင်ပြသတော့မယ့် ‘ကျွန်တော်တို့ချစ်သော’ ရုပ်ရှင်ကားကြီးရဲ့ ဇာတ်ဝင်သီချင်းတပုဒ် ဖြစ်ပါတယ်။

ရေးစပ်ထားသူကတော့ တေးရေး ဓီရာမိုရ်ဖြစ်ပြီး အဆိုတော် ထက်လူနဲ့ မေမင်းတို့က စုံတွဲသီဆိုပေးထားကြတာ ဖြစ်ပါတယ်။

အသံပါဝါအားကောင်းကောင်းနဲ့ အတွဲညီညီ သီဆိုထားခဲ့တဲ့ ဒီဇာတ်ဝင်သီချင်းဟာ လတ်တလော ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့တာ ဖြစ်ပြီး ဝင်ရောက်ကြည့်ရှုကြတဲ့ ပရိသတ် ၃ သိန်း ၇ သောင်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

တင်အောင်စိုး(ပန်းမြို့တော်)ရဲ့ ဝတ္ထုကို ဒါရိုက်တာဝင်းဆောင်(နေကြာရိုင်း) ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ သရုပ်ဆောင်မင်းသား စိုးရန်အောင်နဲ့ မင်းသမီး မိုးယုစံတို့က ခေါင်းဆောင်ပါဝင်ထားကာ ဇွန်လ ၁၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

“လူတွေလုံခြုံဖို့ မလုံခြုံရာကိုသွားသူ... မိသားစုတွေ ပျော်ရွှင်ဖို့ မိသားစုကို စွန့်ခွာတဲ့သူ... ဘယ်သူ့မှ မသိလည်း ရိုးသားစွာနဲ့ ပေးဆပ်နေတဲ့သူ… သူဟာ… သူရဲကောင်း အစစ်ပါပဲ…” စတဲ့ သီချင်းစာသားတွေနဲ့ ဒီသီချင်းကို အောက်ပါလင့်ခ်မှာ ကြည့်ရှုအားပေးနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013