DVB Logo
Home
မြန်မာသတင်း
သက်ငယ်မုဒိမ်း သေဒဏ်ပေးမည့် အထူးဥပဒေပြဋ္ဌာန်းရန် လွှတ်တော် ကြိုးပမ်းနေ
DVB
·
June 1, 2018
သက်ငယ်မုဒိမ်း သေဒဏ်ပေးမည့် အထူးဥပဒေပြဋ္ဌာန်းရန် လွှတ်တော် ကြိုးပမ်းနေ
Donate to DVB

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ် အပြစ်ပေးမယ့် အထူးဥပဒေပြဋ္ဌာန်းဖို့ကိစ္စ ပြည်သူ့လွှတ်တော်မှာ  ဆွေးနွေးဖို့ လွှတ်တော် ဥက္ကဋ္ဌက ဆုံးဖြတ်လိုက်ပါတယ်။

သက်ငယ်မုဒိမ်း ကျူးလွန်သူတွေကို ထိရောက်စွာ ဟန့်တားနိုင်ဖို့ အထူးဥပဒေတရပ် အမြန်ရေးဆွဲပြီး ပြစ်ဒဏ်အပိုင်းကို သေဒဏ်ချမှတ်ဖို့အထိ တိတိကျကျရေးဆွဲ ပြဋ္ဌာန်းပေးဖို့ ဇွန် ၁ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ရသေ့တောင် မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ်က အစိုးရကို တိုက်တွန်းတဲ့အဆို တင်သွင်းခဲ့ပါတယ်။

အဲဒီအဆိုကို အမျိုးသမီးကိုယ်စားလှယ်တဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ကိုယ်စားလှယ် အားလုံးက သဘောတူလိုက်တဲ့အတွက် ပြည်သူ့လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာလိုက်ပါတယ်။

မြန်မာပြည်မှာ ဖြစ်ပွားတဲ့ မုဒိမ်းမှုတွေထဲမှာ သက်ငယ်မုဒိမ်းဖြစ်ပွားမှုဟာ အများဆုံးဖြစ်ပြီး နှစ်အလိုက် မြင့်တက်လာနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောထားပါတယ်။

သက်ငယ်မုဒိမ်း ဖြစ်ပွားရတဲ့ အဓိကအချက်ဟာ ညစ်ညမ်းဗီဒီယိုခွေတွေ အလွယ်တကူ ဝယ်ယူရရှိနေတာနဲ့ မူးယစ်ဆေးနဲ့ အရက်သေစာတွေ အလွယ်တကူ ရရှိနေတဲ့အတွက် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

နှစ်စဉ် မြင့်တက်လာတဲ့ သက်ငယ်မုဒိမ်းမှုတွေကို လျှော့ချနိုင်ဖို့ဆိုရင် နိုင်ငံတော်က သတ်မှတ်ထားတဲ့ အမြင့်ဆုံး အပြစ်ဒဏ်တွေ ချမှတ်ဖို့ ဖြစ်တယ်လို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက ပြောပါတယ်။

ဒီအတွက် သက်ငယ်မုဒိမ်း ကျူးလွန်သူတွေကို အမြင့်ဆုံး အပြစ်ဒဏ်ပေးဖို့ကိုလည်း တရားရုံးအဆင့်ဆင့် ညွှန်ကြားထားတယ်လို့လည်း ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေအရ မုဒိမ်းမှု ကျူးလွန်သူတွေကို အမြင့်ဆုံး အပြစ်ဒဏ်အဖြစ် ထောင်ဒဏ်နှစ် ၂၀ သတ်မှတ်ထားပါတယ်။

မုဒိမ်းမှုနဲ့ လူသတ်မှု တဆက်တည်း ကျူးလွန်သူတွေကိုတော့ နှစ်ခုပေါင်း အပြစ်ဒဏ်အနေနဲ့ သေဒဏ်အမိန့် ချမှတ်နိုင်တယ်လို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက မှတ်ချက်ပြုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013