DVB Logo
Home
မြန်မာသတင်း
အမှန်တရား ပေါ်ပေါက်တဲ့အထိ ရင်ဆိုင်မည်ဟု ဒေါက်တာသန်းထွဋ် ပြော
DVB
·
June 1, 2018
အမှန်တရား ပေါ်ပေါက်တဲ့အထိ ရင်ဆိုင်မည်ဟု ဒေါက်တာသန်းထွဋ် ပြော
Donate to DVB

အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကို ငွေကျပ်သိန်း ၁၅၀၀ ကျော် အလွဲသုံးစားလုပ်မှုနဲ့ တရားစွဲထားအမှုကို မန္တလေးတိုင်း တရားလွှတ်တော်မှာ ဒီကနေ့ ဇွန်လ ၁ရက်က  ၆ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးပါတယ်။

ဒီနေ့ ရုံးချိန်းမှာတော့ တရားလိုအဖြစ် တရားစွဲထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို စစ်ဆေးနေပြီး  ဒေါက်တာသန်းထွဋ်ကတော့ အမှန်တရား ပေါ်ပေါက်လာတဲ့အထိ ရင်ဆိုင်သွားမယ်လို့ တရားရုံးမှာ ပြောသွားပါတယ်။

ဒေါက်တာသန်းထွဋ်ဟာ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုပြီး မနှစ်က သူ့နေအိမ်အတွက် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ သူရဲ့မြေကွက်ပေါ်မှာ ခြံစည်းရိုး ကာရံတာ၊ ဂိတ်တဲတလုံး၊ ရေကူးကန်တကန်နဲ့ ရေပန်း စတာတွေကို တန်ဖိုးငွေကျပ် ၁၅၁,၄၃၉,၇၈၆ ကို အဆောက်အဦ ဆောက်လုပ်ဖို့ တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီထံက တောင်းခံရယူခဲ့တယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ဒီလို စစ်ဆေးပေါ်ပေါက်တဲ့အတွက် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရဲစခန်းမှာ  ဧပြီ ၂၀ ရက်က စတင် တိုင်ချက်ဖွင့် အရေးယူ ဆောင်ရွက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013