DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တဝန်း သိန်းပေါင်း ၈၀၀ ခန့် ပျက်စီးဆုံးရှုံး
DVB
·
June 1, 2018
မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တဝန်း သိန်းပေါင်း ၈၀၀ ခန့် ပျက်စီးဆုံးရှုံး
Donate to DVB

မေ ၂၉ ရက်နေ့ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တဝန်း နေအိမ်စာသင်ကျောင်းနဲ့ ဘာသာရေး အဆောက်အအုံတွေ ပျက်စီးဆုံးခဲ့ပြီး ဆုံးရှုံးတန်ဖိုးကျပ်သိန်း ၈၀၀ နီးပါးရှိခဲ့ပါတယ်။

မေ ၂၉ ရက်နေ့က မုန်တိုင်းတိုက်ခတ်မှုတွေကြောင့် ရခိုင်ပြည်နယ်တဝန်းမှာ လူ ၃ ဦး သေဆုံးခဲ့ပြီး နေအိမ်၊ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အအုံတွေ အပါအဝင် တာတမံဆည်တွေ ဆုံးရှုံးပျက်စီးခဲ့ပါတယ်။

မေ ၃၀ ရက်နေ့ စာရင်းတွေအရ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တဝန်း ပျက်စီးသွားတာတွေ ဆုံးရှုံးမှုတန်းဖိုး ကျပ်သိန်း ၈၀၀ နီးပါး ရှိတယ်လို့ ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ဦးစီးအရာရှိ ရဲမင်းဦးက ပြောပါတယ်။

“ကနဦးသတင်းအရဆိုရင် နေအိမ် ၁၉၈ လုံးနီးပါး ပျက်စီးဆုံးရှုံးမှုတွေ ရှိတယ်။ နောက်ပြီး စာသင်ကျောင်း ၁၇ ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်း၊ ဒီနေ့ဆိုရင် ထပ်ပြီးတော့ တိုးလာတာတွေ ရှိတယ်။ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်နဲ့ အမ်း၊ မြို့နယ် လေးမြို့နယ်မှာ ထပ်ပြီး တိုးလာတာကတော့ စာသင်ကျောင်း ၁၄ ကျောင်းနဲ့ နေအိမ် ၂၅ လုံး၊ ပြီးတော့ ဘုန်းကြီးကျောင်း၊ တာတမံတွေ ဆုံးရှုံးတာတွေ ရှိပါတယ်။ တန်ဖိုးအားဖြင့်ကတော့ ၇၀၀ နဲ့ ၈၀၀ နီးပါးလောက် ရှိပါတယ်” လို့ ပြောပါတယ်။

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တဝန်းမှာ သေဆုံးသွားတာ ၃ ဦးရှိခဲ့ပြီးတော့ ဓာတ်လိုက်သေဆုံးသူ ၂ ဦးနဲ့ အုန်းပင်ပိပြီး သေဆုံးသူ ၁ ဦးရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ပျက်စီးဆုံးရှုံးသူတွေအတွက် ကူညီ ကယ်ဆယ်ရေးထောက်ပံ့မှုတွေ ပေးနေတယ်လို့ ဆိုပါတယ်။

ဦးစီးအရာရှိ ရဲမင်းဦးက ”သေဆုံးသူတွေကို ကျန်ရစ်သူ မိသားစုတွေကိုလည်း မြို့နယ် အထွေထွေဦးစီးဌာနကတဆင့် ကူညီထောက်ပံ့ပေးသွားပါပြီ၊ ကယ်ဆယ်ရေးပစ္စည်းတွေကိုလည်း ဆက်တိုက် ကျနော်တို့ သတ်မှတ်နှုန်းထားအတိုင်း သက်ဆိုင်ရာတဆင့် ခရိုင်အလိုက် စီမံပြီးတော့ ဆောင်ရွက်ထောက်ပံ့ပေးနေပါတယ်” လို့ ပြောပါတယ်။

မုန်တိုင်းကြောင့် အများဆုံး ပျက်စီးဆုံးရှုံးသွားတာကတော့ တောင်ကုတ်မြို့နယ်နဲ့ သံတွဲမြို့နယ်တွေမှာ အများဆုံးဖြစ်ပြီး ကျောက်ဖြူ၊ အမ်း၊ မြေပုံ၊ မြောက်ဦး၊ ငပလီ၊ ရမ်းဗြဲနဲ့ မာန်အောင်မြို့နယ်တွေမှာလည်း မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013