DVB Logo
Home
မြန်မာသတင်း
မျဉ်းဝါကြား ယာဉ်မရပ်ရစည်းကမ်း ယာဉ်မောင်းများ မသိသေးဟု ဝန်ကြီး ပြော
DVB
·
June 1, 2018
မျဉ်းဝါကြား ယာဉ်မရပ်ရစည်းကမ်း ယာဉ်မောင်းများ မသိသေးဟု ဝန်ကြီး ပြော
Donate to DVB

မော်တော်ယာဉ် မောင်းနှင်တဲ့သူတွေက မျဉ်းဝါကြားမှာ ယာဉ်မရပ်ရ ဆိုတဲ့ ယာဉ်စည်းကမ်းကို မသိတာကြောင့် Yellow box ပေါ်တွင် ယာဉ်ပိတ်ရပ်တာလို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။

ဒါကြောင့် မော်တော်ယာဉ် မောင်းနှင်တဲ့သူတွေ ယာဉ်စည်းကမ်းတွေ သိရှိဖို့အတွက် သင်တန်းတွေ ပို့ချပေးဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

လမ်းဆုံ မီးပွိုင့်အနီးမှာရှိတဲ့ Shopping Centre တွေ၊ ဈေးတွေ၊ ကျောင်းတွေနဲ့ ဆေးရုံတွေ တည်ရှိတဲ့ နေရာ မျဉ်းဝါကြားနေရာတွေမှာ မော်တော်ယာဉ်တွေ ပိတ်ရပ်ထားလို့ ယာဉ်ကြော ပိတ်ဆို့ရတာကြောင့် ရှင်းလင်းပေးဖို့ အစီအစဉ် ရှိ၊ မရှိကို ဆိပ်ကမ်းမြို့နယ် မဲဆန္ဒအမှတ်-၁ လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်ရဲ့ မေးမြန်းမှုကို ဇွန်လ ၁ ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၃၈ ရက်မြောက်နေ့မှာ ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ်အတွင်းမှာ ယာဉ်စည်းကမ်း ဖောက်ဖျက်တဲ့ မော်တော်ယာဉ်တွေကို အရေးယူခဲ့တဲ့ အမှုပေါင်း ၁၁၃၃၉၈ မှု ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်းမှာတော့ အမှုပေါင်း ၂၅၁၁၂၀ ရှိခဲ့တယ်လို့ ရန်ကုန်တိုင်း လွှတ်တော်မှာ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013