DVB Logo
Home
မြန်မာသတင်း
ပလတ်စတစ် လျှော့ချရေးလှုပ်ရှားမှု ရန်ကုန်တွင် လုပ်ဆောင်မည်
DVB
·
June 1, 2018
ပလတ်စတစ် လျှော့ချရေးလှုပ်ရှားမှု ရန်ကုန်တွင် လုပ်ဆောင်မည်
1 / 3
Donate to DVB

ပလတ်စတစ် အသုံးပြုမှုလျှော့ချရေး လှုပ်ရှားမှုတွေကို ရန်ကုန်မြို့မှာ ဇွန်လ ပထမပတ်အတွင်း ဆောင်ရွက်သွားမယ်လို့ သန့်မြန်မာအဖွဲ့က ပြောပါတယ်။

ဇွန်လ ၅ ရက်နေ့ဟာ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဖြစ်ပြီး ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ ‘ပလတ်စတစ် ညစ်ညမ်းမှုကို ဆန့်ကျင်တိုက်ဖျက်ပါ’လို့ သတ်မှတ်ထားပါတယ်။

ရန်ကုန်မှာ ပလတ်စတစ် လျှော့ချရေး လှုပ်ရှားမှုအဖြစ် မေ ၃၁ ရက်က အမေရိကန်စင်တာမှာ Plastic Ocean ဇာတ်ကား ပြသသွားခဲ့သလို ဇွန် ၂ ရက်မှာလည်း ရန်ကုန်မြို့လယ်မှာ  ဒေါင်းရိုက်ရဲ့ ညစ်ညမ်းမှုလှိုင်း သရုပ်ဖော်ပြသဖို့ရှိပါတယ်။

ဇွန် ၄ ရက်နေ့မှာ အနုပညာရှင်တွေပါဝင်တဲ့ လတ်စတစ် ညစ်ညမ်းမှု ဆွေးနွေးပွဲ ကျင်းပမှာ ဖြစ်သလို ဇွန်လ ၅ ရက်မှာတော့  ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဖြစ် ဇွန်လ ၈ ရက်နေ့အထိ တနိုင်ငံလုံးမှာ ပလတ်စတစ် လျှော့ချရေး လှုပ်ရှားမှုတွေ ပြုလုပ်သွားမယ်လို့ သန့်မြန်မာအဖွဲ့က မနေ့က ရန်ကုန်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013