DVB Logo
Home
မြန်မာသတင်း
ကြိုတင်မဲပေးရန် ပြည်ပရောက်မဲဆန္ဒရှင်များ မဲလက်မှတ်များ စတင်ထုတ်ယူနိုင်
DVB
·
June 1, 2018
ကြိုတင်မဲပေးရန် ပြည်ပရောက်မဲဆန္ဒရှင်များ မဲလက်မှတ်များ စတင်ထုတ်ယူနိုင်
Donate to DVB

လာမယ့်နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲအတွက်  ပြည်ပရောက် မဲဆန္ဒရှင်တွေ ကြိုတင်မဲပေးနိုင်ဖို့ ဆန္ဒမဲလက်မှတ်တွေ ဒီကနေ့ ဇွန် ၁ ရက်ကစပြီး ထုတ်ယူနိုင်ပြီလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မေ ၃၁ ရက်မှာ ကြေညာပါတယ်။

ပြည်ပရောက်မဲဆန္ဒရှင်တွေအနေနဲ့ ကြိုတင်ဆန္ဒမဲလက်မှတ်နဲ့ ဆန္ဒမဲပေးနိုင်ဖို့အတွက် ပုံစံ (၁၅) တွေကို သက်ဆိုင်ရာသံရုံးတွေမှာ ထုတ်ယူနိုင်သလို၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဝက်ဆိုက်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်နဲ့ သက်ဆိုင်ရာ သံရုံးဝက်ဘ်ဆိုက်တွေမှာလည်း Download ရယူနိုင်တယ်လို့ ဆိုပါတယ်။

မဲဆန္ဒရှင်တွေအနေနဲ့ အချက်အလက်ဖြည့်သွင်းပြီးတဲ့ ပုံစံ (၁၅) တွေကို ဇွန်လ ၁၈ ရက်ကနေ ဇူလိုင် ၉ ရက်အထိ သက်ဆိုင်ရာသံရုံးတွေကို ပေးပို့ရမှာလည်း ဖြစ်ပါတယ်။

လွှတ်တော်အသီးသီးမှာ အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၁၃ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၈ နိုဝင်ဘာ ၃ ရက် စနေနေ့မှာ ကျင်းပဖို ရှိနေတာပါ။

ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဇူလိုင်၂ ရက်ကစပြီး အမည်စာရင်း ပေးသွင်းရမှာဖြစ်ပြီး စိစစ်ပြီး အမည်စာရင်းကိုတော့ သြဂုတ် ၆ ရက်မှာ ကော်မရှင်က ကြေညာပေးမှာပါ။

ရွေးကောက်ပွဲမှာ အနိုင်ရ ရွေးချယ်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အမည်စာရင်းကိုတော့ ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၄ ရက်ကနေ ၆ ရက်ထိ ကြေညာပေးမယ်လို့လည်း ကော်မရှင် ထုတ်ပြန်ချက်အရ သိရပါတယ်။

ဓာတ်ပုံ-CNA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013