DVB Logo
Home
မြန်မာသတင်း
အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ် သတ်မှတ်တိုင်းတာရေး အပြီးသတ် လုပ်ဆောင်နေ
DVB
·
June 1, 2018
အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ် သတ်မှတ်တိုင်းတာရေး အပြီးသတ် လုပ်ဆောင်နေ
Donate to DVB

တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေနဲ့ နှစ်နိုင်ငံ နယ်နိမိတ် သတ်မှတ်တိုင်းတာရေး ဦးစားပေးဆောင်ရွက်နေပြီး မပြီးပြတ်သေးတာတွေကို အပြီးသတ် ဆောင်ရွက်သွားမယ်လို့ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောပါတယ်။

မေလ ၃၁ ရက်နေ့က ပြုလုပ်တဲ့ အစိုးရရဲ့ ပြည်သူ့အတွက် ဒုတိယတနှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့တာတွေနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောတာပါ။

အိန္ဒိယနိုင်ငံနဲ့ ကဘော်ချိုင့်ဝှမ်း နယ်နိမိတ်ကို ကွင်းဆင်းဆောင်ရွက်နေတာ မေလကုန် ပြီးစီးမှာဖြစ်ပြီး မကြာခင် မြေတိုင်းညွှန်ကြားရေးမှူးချုပ်အဆင့် ပူးတွဲနယ်နိမိတ်တိုင်းတာရေးလုပ်ငန်း အဖွဲ့အစည်းအဝေးတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

“အိန္ဒိယနဲ့ကတော့ ကဘော်ချိုင့်ဝှမ်းက နောက်ဆုံး မတိုင်းတာရသေးတဲ့ အနေအထား ဖြစ်ပါတယ်။ အခုလက်ရှိ နှစ်ဖက် ကွင်းဆင်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလကုန်မှာ အားလုံး ပြီးပါမယ်။ လာမယ့်ဇွန် ဒါမှမဟုတ် ဇူလိုင်လမှာ မြေတိုင်းညွှန်ကြားရေးမှူးချုပ်အဆင့်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပါမယ်။ ဒီနယ်နိမိတ်လိုင်းကို လက်မှတ်ထိုး အတည်ပြုပြီးရင် အိန္ဒိယနဲ့ အားလုံးပြီးစီးသွားပြီ ဖြစ်ပါတယ်” လို့ ဦးမြင့်သူက ပြောပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံနဲ့ ၁၉၅၉-၁၉၆၁ ခုနှစ်မှာ နယ်နိမိတ် တိုင်းတာသတ်မှတ်ခဲ့ပြီး ပထမအကြိမ် ပူးတွဲကွင်းဆင်း စစ်ဆေးတာကို ၁၉၈၅-၈၆ ခုနှစ်၊ ဒုတိယအကြိမ်ကို ၁၉၉၃-၉၄ ခုနှစ်က ဆောင်ရွက်ခဲ့ပြီး ဖြစ်တယ် ဆိုပါတယ်။ တတိယအကြိမ် ပူတွဲကွင်းဆင်းစစ်ဆေးဖို့ စတင်ညှိနှိုင်း ဆောင်ရွက်နေပြီလို့လည်း ပြောပါတယ်။

“တရုတ်ကတော့ ၁၉၅၉-၁၉၆၁ ခုနှစ်ကတည်းက ပြီးပါပြီ။ ဒါပေမယ့် အခု ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေးပြီး ၁၀ နှစ်ကျော် ကြာသွားပါပြီ။ အခု တတိယအကြိမ် ကွင်းဆင်းစစ်ဆေးဖို့ ရာသီဥတုကြောင့်နဲ့ တောရိုင်းတိရစ္ဆာန်ကြောင့် နယ်နိမိတ် မှတ်တိုင်နေရာရွေ့တာတွေ၊ မှတ်တိုင်ပြိုကျတာတွေ ပြန်လည်စိစစ်ပါမယ်။”

အရင်က နယ်မြေလုံခြုံရေး အခြေအနေတွေကြောင့် မလုပ်နိုင်ခဲ့တဲ့ ထိုင်း-မြန်မာ နယ်နိမိတ် သတ်မှတ်တာကိုလည်း ပြီးပြတ်အောင် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

“ထိုင်းနိုင်ငံနဲ့လည်း အပေါ်ပိုင်းမှာ မယ်ဆိုင်၊ မယ်ဟောက်နဲ့ပတ်သက်လို့ ပြီးသွားပါပြီ။ အောက်ပိုင်းလေးပဲ ကျန်နေတာပါ။ အဲဒီအတိုင်းအတာက အဓိကကတော့ အရင်တုန်းက KNU အရ လုံခြုံရေးအရ မလုပ်နိုင်ခဲ့တာပါ။ အခုငြိမ်းချမ်းရေးလည်း ရလာပြီ။ နယ်စပ်ဒေသမှာလည်း ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိလာပြီဖြစ်တဲ့အတွက် ထိုင်းကို ပြန်လုပ်ပါမယ်။ အခုလတ်တလောမှာ ထိုင်းနဲ့ ဆွေးနွးဖို့ ရှိပါမယ်” လို့ အမြဲတမ်းအတွင်းဝန်က ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့လည်း နတ်မြစ်မြောက်ပိုင်း ကုန်းနယ်နိမိတ်စာချုပ်ကို ၁၉၉၈ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့က စာချုပ်ကို အတည်ပြုတဲ့ စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အလားတူ ရေနယ်နိမိတ်ကို အတည်ပြုတဲ့ အခြေပြစာချုပ်ကိုလည်း လဲလှယ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013