DVB Logo
Home
မြန်မာသတင်း
လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းမည်
DVB
·
June 1, 2018
လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းမည်
Donate to DVB

ရခိုင်ပြည်နယ်မှာ အာဆာအကြမ်းဖက်အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဆက်နွှယ်တဲ့ကိစ္စတွေကို စုံစမ်းစစ်ဆေးဖို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တခုကို ဖွဲ့စည်းသွားမယ်လို့ နိုင်ငံတော်သမ္မတရုံးက မေလ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ဆောင်ရွက်ရာမှာ အမျိုးသားအစီအစဉ်တရပ်အနေနဲ့ မြန်မာအစိုးရက လွတ်လပ်တဲ့ စုံစမ်းစစ်ရေးကော်မရှင် ဖွဲ့စည်းဖို့ ဆုံးဖြတ်တာလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့ရဲ့ ကြားဖြတ်အကြံပြုချက်တွေကိုပါ ထည့်သွင်းစဉ်းစားပြီး ခုလို  ကော်မရှင်ဖွဲ့စည်းဖို့ ဆုံးဖြတ်ရတာလို့လည်း ဆိုပါတယ်။

ကော်မရှင်မှာ နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးတဦးအပါအဝင် အဖွဲ့ဝင် သုံးဦးပါဝင်မှာဖြစ်ပြီး ကော်မရှင်ကို ပြည်တွင်းနဲ့ နိုင်ငံတကာမှ ဥပဒေနဲ့ နည်းပညာ ကျွမ်းကျင်သူတွေက ပံ့ပိုးပေးမယ်လို့ သိရပါတယ်။

ဒါပေမယ့် အဆိုပါ နိုင်ငံတကာက ပုဂ္ဂိုလ်ကြီးတဦးဆိုတာ ဘယ်သူဘယ်ဝါလဲ ဆိုတာကို တော့ သမ္မတရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီ သံတမန်အဖွဲ့ရဲ့ မြန်မာပြည်ခရီးစဉ်မှာ ဗြိတိန်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် မစ္စကယ်ရင် ပီးယာ့စ်က  ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ ခုံရုံး (အိုင်စီစီ)ကို လွှဲပေးမလား၊ မြန်မာအစိုးရကိုယ်တိုင် စုံစမ်းစစ်ဆေးမလား ဆိုပြီး နည်းလမ်း နှစ်သွယ်ကို ရွေးချယ်ဖို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ အောက်တိုဘာနဲ့ နိုဝင်ဘာလတွေက ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ အာဆာအဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေ ဖြစ်ပွားပြီးနောက်  ဖြစ်ရပ်မှန် ပေါ်ပေါက်ရေးအတွက် ၂၀၁၆ ဒီဇင်ဘာမှာ အစိုးရက ဒုသမ္မတ ဦးမြင့်ဆွေ ခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လူ့အခွင့်အရေးချိုးဖောက်မှု ရှိ၊ မရှိ စစ်ဆေးဖို့လည်း ၂၀၁၇ ဖေဖော်ဝါရီမှာ  တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးအေးဝင်း ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ငါးဦးပါ စုံစမ်းရေးအဖွဲ့ကို တပ်မတော်က ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါတယ်။

ဓာတ်ပုံ-CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013