DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် နိုင်ငံတကာ အဆင့်မီဆေးရုံကြီး ၂ ရုံ တည်ဆောက်မည်
DVB
·
May 31, 2018
နေပြည်တော်တွင် နိုင်ငံတကာ အဆင့်မီဆေးရုံကြီး ၂ ရုံ တည်ဆောက်မည်
Donate to DVB

နေပြည်တော်မှာရှိတဲ့ သံတမန်ဇုန်အတွင်းမှာ ပြည်ပနိုင်ငံတွေကနေ နိုင်ငံတကာ အဆင့်မီဆေးရုံကြီးတွေ တည်ဆောက်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက ပြောပါတယ်။

“အိန္ဒိယနိုင်ငံက နိုင်ငံတကာ အဆင့်မီ ဆေးရုံဆောက်ဖို့ ကျနော်တို့ကို ကမ်းလှမ်းထား ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက နိုင်ငံတကာအဆင့်မီ ကျောင်းဖွင့်ဖို့ ကမ်းလှမ်းထား ပါတယ်။ တောင်ကိုရီးယားနိုင်ငံကတော့ နိုင်ငံတကာအဆင့်မီ ဆေးရုံတခုဖွင့်ဖို့ ကမ်းလှမ်းထား ပါတယ်။”

အဲ့ဒီသံတမန်ဇုန်ထဲက မြေကွက် ၂၉ ကွက်ကိုတော့ သံရုံး ၁၅ ရုံးကနေ အဆိုပြုထားပြီး ဘရူးနိုင်းနိုင်ငံနဲ့တော့ သံရုံးဖွင့်လှစ်နိုင်ဖို့အတွက် နိုင်ငံချင်း မြေနေရာချင်း လဲလှယ်ထားတယ်လို့ လည်း သိရပါတယ်။

“နှစ်နိုင်ငံ စီးပွားရေး၊ လူမှုရေး၊ ကဏ္ဍပေါင်းစုံ အကျိုးဖြစ်ထွန်းစေမယ့် နိုင်ငံတွေမှာလည်း ကျနော်တို့ သံတမန်ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်သွားမှာပါ” လို့ ဦးမြင့်သူက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ လာရောက်ဖွင့်လှစ်ထားကြတဲ့ နိုင်ငံတကာက သံရုံးပေါင်းဟာ ဆိုရင် ၇၀ ကျော်ရှိပြီးတော့ သံရုံးတွေကို နေပြည်တော် သံတမန်ဇုန်အတွင်းမှာ ပြောင်းရွှေ့ ဖွင့်လှစ်နိုင်ဖို့အတွက်လည်း ဖြေလျော့ပေးမှုတွေနဲ့ ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

“လက်ရှိအနေအထားမှာတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကျနော်တို့ရှေ့မှာ ဆက်ဆံရေးဆိုပြီး လာပြီး ဖွင့်ထားတာရှိပါတယ်။ မနှစ်က ကျနော်တို့ ရုံးခန်းဖွင့်ပေးပါတယ်။ အလားတူပဲ အမေရိကန်ပြည်ထောင်စုနဲ့ ကျန်နိုင်ငံတော်တော်များများက ကျနော်တို့ ပထမအဆင့်အနေနဲ့ ဆက်ဆံရေးရုံးတွေ ဖွင့်ပြီးရင် သံရုံးပြောင်းရွှေ့ဖို့တွေ လုပ်နေပါတယ်။ တက်နိုင်သမျှ စောစောပြောင်းရွှေ့နိုင်ဖို့ ကျနော်တို့ တိုက်တွန်းဆောင်ရွက်နေပါတယ်” လို့ ဦးမြင့်သူက ပြောပါတယ်။

ဒီကနေ့ မေ ၃၁ ရက်နေ့က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ ကျင်းပပြုလုပ် ခဲ့တဲ့ နိုင်ငံတော်အစိုးရရဲ့ ဒုတိယ ၁ နှစ်တာကာလအတွင်း ဌာနတွေရဲ့ ဆောင်ရွက်မှုနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးမြင့်သူက သံတမန်ဇုန်ကိစ္စနဲ့ ပတ်သက်ပြီး ထည့်သွင်းဖြေကြားခဲ့တာပါ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013