DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် အမေရိကန်- မြန်မာဆက်ဆံရေး ထိခိုက်
DVB
·
May 31, 2018
ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် အမေရိကန်- မြန်မာဆက်ဆံရေး ထိခိုက်
Donate to DVB

 

ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် အမေရိကန်- မြန်မာဆက်ဆံရေး ထိခိုက်မှုတွေရှိခဲ့ပြီး တရုတ်၊ ရုရှားနိုင်ငံတွေနဲ့ ဆက်ဆံရေးပိုမို အားကောင်းလာတယ်လို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

နိုင်ငံခြားဝန်ကြီးဌာနရဲ့ ဒုတိယ တနှစ်တာ လုပ်ဆောင်ခဲ့မှုတွေနဲ့ ပက်သက်လို့ နေပြည်တော်မှာရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာနမှာ မေလ ၃၁ ရက်နေ့က သတင်း စာရှင်းလင်းပွဲ ပြုလုပ်ရာမှာ ပြောသွားတာပါ။

ဒီရှင်းလင်းပွဲမှာ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပိုမိုအားကောင်းအောင် နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ ဆောင်ရွက်နေပေမယ့် ရခိုင် ပြည်နယ် ပဋိပက္ခကြောင့် အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေးဟာ ထိခိုက်မှုတွေရှိခဲ့ပြီး ရှိရင်းစွဲ အခြေအနေအောက်ကို ရောက်ရှိခဲ့တယ်လို့  နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောပါတယ်။

ရခိုင်ပြည်နယ် အရေးကြောင့် အမေရိကန်နိုင်ငံနဲ့ နှစ်နိုင်ငံဆက်ဆံရေး အားနည်းခဲ့ရပေမယ့် မြန်မာနိုင်ငံနဲ့ သဘောထားကိုက်ညီမှုရှိတဲ့ တရုတ် ရုရှားနိုင်ငံတို့နဲ့ ဆက်ဆံရေးဟာ ပိုမိုအားကောင်းလာခဲ့တယ်လို့လည်း ဆိုပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ မြန်မာအစိုးရရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်နဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာတော့ အကူအညီပေးဖို့ သဘောတူညီမှု ရရှိထားတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့  အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်က ပြောပါတယ်။

နိုင်ငံတော်အစိုးရရဲ့ ပြည်သူ့အတွက် ဒုတိယ တစ်နှစ်တာကာလအတွင်း ဆောင်ချက်တွေနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ နောက်ဆုံးနေ့မှာ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့က ရှင်းလင်းဖြေဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013