
မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲအဟောင်းက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၄၉,၄၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၂၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာလည်း အဟောင်း တအိတ်ကို ၄၈,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၁,၄၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက အဟောင်းက တအိတ်ကို ငွေကျပ် ၄၇,၉၅၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာလည်း အဟောင်းက တအိတ်ကို ငွေကျပ် ၄၆,၀၀၀ ပေါက်ဈေးရှိပြီး ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၁,၉၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ကုလားပဲ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် တအိတ်ကို ၆၂,၅၀၀ ကျပ်ကနေ ငွေကျပ် ၆၃,၀၀၀ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၆၁,၅၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၃၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၁,၅၀၀ ကျပ်ဈေးကွာခြားမှု ရှိပါတယ်။
ပဲဇီးကွက်
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲဇီးကွက်က ၅၈.၂၅ ပိဿာဝင် တအိတ်ကို ၆၈,၀၀၀ ကနေ ငွေကျပ် ၇၀,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ငွေကျပ် ၆၉,၀၀၀ ပေါက်ဈေးရှိပြီး မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၁,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
စွန်တာ(ကျွန်း)
မန္တလေး ကုန်စည်ဒိုင်မှာ စွန်တာ(ကျွန်း)က တအိတ်ကို ၆၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၆၁,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၆၁,၈၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၈၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
စားအုန်းဆီ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ စားအုန်းဆီက တပိဿာကို ၁,၇၂၀ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၃၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၁,၇၇၀ ကျပ်ကနေ ၁,၇၈၀ ကျပ် ပေါက်ဈေးရှိပြီး မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၆၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ဖော်ပြထားတဲ့ သီးနှံတွေထဲက မတ်ပဲကတော့ နှစ်ရက်အတွင်း ဈေးတက်လာပါတယ်။ ပြီးခဲ့တဲ့ ရက်တွေက အရောင်းအဝယ်ကလည်း ပုံမှန်အနေအထားမှာရှိပြီး အိန္ဒိယနိုင်ငံကလည်း ဝယ်ယူမှု နည်းပါးနေတဲ့အတွက် ဈေးက ငြိမ်နေခဲ့ပါတယ်။ လတ်တလောမှာတော့ အိန္ဒိယကို တင်ပို့မှု များနေပြီး မတ်ပဲက တတန်ကို ၁ သောင်းကျော် ဈေးတက်လာပါတယ်။
ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့ အပတ်ကတည်း ဈေးတက်လာပေမယ့် ဒီတပတ်မှာတော့ ဈေးက ငြိမ်နေပါတယ်။ အိန္ဒိယက ဝယ်ယူမှုနည်းပါးနေပြီး ပြည်တွင်းမှာလည်း အနည်းငယ်သာ အရောင်းအဝယ် ဖြစ်နေတဲ့အတွက် ဈေးက အတက်ဈေးနဲ့ ငြိမ်နေပါတယ်။ ဒီတပတ်မှာတော့ ထောင်ဂဏန်းလောက်သာ အတက်အကျ ရှိနေပါတယ်။
အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA











