DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးဟောပြောခွင့်ပိတ်ပင်သည့်အပေါ် တက္ကသိုလ်ဆရာများနှင့်ကျောင်းသားများ ကန့်ကွက်
DVB
·
May 31, 2018
နိုင်ငံရေးဟောပြောခွင့်ပိတ်ပင်သည့်အပေါ် တက္ကသိုလ်ဆရာများနှင့်ကျောင်းသားများ ကန့်ကွက်
Donate to DVB

 

ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်တွေမှာ နိုင်ငံရေးဟောပြောခွင့် ပိတ်ပင်လိုက်တဲ့ အပေါ် တက္ကသိုလ်ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားအဖွဲ့တွေက အပြင်းအထန် ကန့်ကွက်လိုက်ပါတယ်။

တက္ကသိုလ်၊ဒီဂရီကောလိပ်နဲ့ကျောင်းတွေမှာ စာတမ်းဖတ်ပွဲတွေ၊ ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ ပြုလုပ်ရင် သက်ဆိုင်ရာ ပါမောက္ခချုပ်နဲ့ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ရဲ့ ထောက်ခံချက်အပြင် အဆင့်မြင့်ပညာဦးစီးဌာနကို အသိပေးဆောင်ရွက်ရမယ်လို့ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနက  မေ ၂၁ ရက်က ထုတ်ပြန်ခဲ့တာပါ။

နိုင်ငံရေးနဲ့ပတ်သက်တဲ့ စာတမ်းဖတ်ပွဲတွေ၊ ဟောပြောပွဲတွေနဲ့ ဆွေးနွေးပွဲကို ခွင့်မပြုဖို့ နဲ့တခြားခေါင်းစဉ်တွေနဲ့ ဟောပြောပွဲပြုလုပ်မယ်ဆိုရင် ခေါင်းစဉ်နဲ့ ဆွေးနွေးမယ့် ပုဂ္ဂိုလ်တွေရဲ့ ကိုယ်ရေးမှတ်တမ်းအကျဉ်းကို တင်ပြရမယ်လို့ဆိုပါတယ်။

တက္ကသိုလ်ဆရာ၊ ဆရာမအသင်းများကိုယ်စားပြု ကော်မတီကတော့ ဒီညွန်ကြားချက်ဟာ  ဒီမိုကရေစီပညာရေးစနစ်နဲ့ဆန့်ကျင်ပြီး ပညာရပ်ဆိုင်ရာ လွတ်လပ်မှုကို ခြိမ်းခြောက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးနဲ့ပတ်သက်တဲ့ စာတမ်းဖတ်ပွဲတွေ၊ ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ ခွင့်မပြုတာဟာ ပညာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်တာဖြစ်တယ်၊ ဒီမိုကရေစီ အနှစ်သာရတခုဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ပိတ်ပင်တာဟာ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်ကို နောက်ပြန်ဆွဲစေတယ်၊  ဒီမိုကရေစီနိုင်ငံ တနိုင်ငံမှာ တက္ကသိုလ်တွေဟာ လူ့ဘောင်အဖွဲ့အစည်းရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးစနစ်တွေအပေါ် ဝေဖန်ထောက်ပြပိုင်ခွင့် အပြည့်အ၀ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပြည်သူနဲ့အတူဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ပြုထားတဲ့ ပြည်သူ့အစိုးရရဲ့ ပုံရိပ်ကို အနုတ်လက္ခဏာအဖြစ် သက်ရောက်စေတယ်လို့လည်း တက္ကသိုလ်ဆရာ၊ ဆရာမ အသင်းများ ကိုယ်စားပြုကော်မတီက  ဝေဖန်ထားပါတယ်။

အလားတူ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂကလည်း တက္ကသိုလ် ကျောင်းသားကျောင်းသူတွေဟာ နောင်တချိန်မှာ နိုင်ငံခေါင်းဆောင်တွေဖြစ်လာမယ့် လူငယ် တွေဖြစ်ပြီး အဲဒီလူငယ်တွေကို နိုင်ငံရေးနဲ့ပတ်သက်တဲ့ အသိပညာ၊ ဗဟုသုတ ဆွေးနွေး တိုင်ပင်ခွင့်၊ နှီးနှောဖလှယ်ခွင်ကို ပိတ်ပင်တာဟာ ဒီမိုကရေစီပညာရေးကို မထီမဲ့မြင် ပြုတာဖြစ်တယ်ဆိုပြီး အပြင်းအထန်ကန့်ကွက်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013