DVB Logo
Home
မြန်မာသတင်း
နီနီခင်ဇော်ရဲ့ အချစ်သီချင်းသစ် - ချစ်လျက်လမ်းခွဲ (ရုပ်သံ)
DVB
·
May 31, 2018
နီနီခင်ဇော်ရဲ့ အချစ်သီချင်းသစ် - ချစ်လျက်လမ်းခွဲ (ရုပ်သံ)
Donate to DVB

 

 

“မတူညီမှုများစွာနဲ့… ဘဝတခု မတည်ဆောက်ရဲ… သိပ်ချစ်တဲ့ မင်းလက်ကို တွဲ… အနာဂတ်တခု ဖန်တီးချင်တယ်… ဒါပေမယ့်လည်း… အသိုင်းအဝိုင်းကြောင့်… မဆုံစည်းနိုင်အောင် ငြင်းပယ်…”

 ဒါကတော့ ဒီကနေ့မှာ ထွက်လာခဲ့တဲ့ တေးသံရှင် နီနီခင်ဇော်ရဲ့ ‘ချစ်လျက်လမ်းခွဲ’ အမည်ရတဲ့ သီချင်းထဲက စာသားတွေ ဖြစ်ပါတယ်။

နီနီခင်ဇော်ဟာ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ အဆိုတော်တဦးဖြစ်ပြီး ဒီသီချင်းကိုလည်း မေလ ၃၁ ရက်နေ့မှာ ထုတ်လွှင့်မယ်လို့ ကြော်ငြာထားကတည်းက ပရိသတ်တွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ဒီသီချင်းကိုတော့ တေးရေး အန်နီက ရေးစပ်ပေးထားတာဖြစ်ပြီး ခု မျှဝေထားတာမှာတော့ Music Video ပုံစံ ရုံက်ကူးထားခဲ့တာ ဖြစ်ပါတယ်။

ဒါရိုက်တာ မေဘရဏီက ပုံဖော်ရိုက်ကူးပေးထားတဲ့ ဒီသီချင်းရုပ်သံ ဗွီဒီယိုဖိုင်ထဲမှာ မော်ဒယ် ဆန်းတိုးနိုင်နဲ့အတူ ဘယ်လာမြတ်သီရိလွင်၊ မေကဗျာဦးတို့ကပါ သရုပ်ဆောင်ထားခဲ့ကြတာပါ။

“တောင်းပန်ပါတယ်… မခွဲခွာချင်လည်း… နှလုံးသားရဲ့ ဝေးရာကို ထွက်သွားတော့မယ်…” စတဲ့ ခပ်ဆွေးဆွေး သီချင်းစာသားတွေနဲ့အတူ သရုပ်ဆောင် မော်ဒယ်တွေရဲ့ သရုပ်ဆောင်မှုတွေကိုလည်း ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။

နီနီခင်ဇော်ဟာ The Best of Melody World 2018 သီချင်းဆိုပြိုင်ပွဲမှာ ပထမဆု ရရှိခဲ့ပြီးနောက် ဂီတလောကထဲကို ရောက်ရှိလာခဲ့ကာ တကိုယ်တော် အယ်လ်ဘမ်တွေ အပါအဝင် အတွဲခွေပေါင်းများစွာမှာပါ သီဆိုအောင်မြင်နေသူ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူဟာ နာမည်ကြီးသီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ The Voice Myan –mar သီချင်းဆိုပြိုင်ပွဲမှာ အဆိုတော် လင်းလင်း၊ ရန်ရန်ချန်း၊ ကျားပေါက်တို့နဲ့အတူ ဒိုင်တဦးအဖြစ် ပါဝင်ဆောင်ရွက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013