DVB Logo
Home
မြန်မာသတင်း
ဥက္ကံသစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်းသတ် တရားခံပြေး ၃ ဦး ဖမ်းမိ
DVB
·
May 31, 2018
ဥက္ကံသစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်းသတ် တရားခံပြေး ၃ ဦး ဖမ်းမိ
Donate to DVB

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဥက္ကံသစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်း သတ်ဖြတ်တဲ့ ဆင်သတ်မုဆိုးတရားခံပြေး ၃ ဦးကို မေလ ၂၉ ရက်က ဖမ်းဆီးရမိတယ်လို့ ဥက္ကံနယ်မြေခံရဲစခန်းက သိရပါတယ်။

မှော်ဘီမြို့နယ် တပ်ကြီးကုန်းကျေးရွာနေ မောင်ကြာ (ခ) ကြာလုံ (၄၅-နှစ်)၊ မကွေးတိုင်း မင်းတုန်းမြို့ အမှတ်(၄)ရပ်ကွက်နေထွန်းနိုင်(၄၅-နှစ်)နဲ့ မောင်မြင့် (၄၂-နှစ်)တို့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဖမ်းမိတဲ့တရားခံသုံးဦးက ၂၀၁၇ ခုနှစ်က ဥကံ္ကသစ်တောကြိုးဝိုင်း (ဒေသခေါ်) ဗွက်မြောင်ဒေသမှာ တောဆင်ရိုင်း သတ်မှု ၂ မှု ၊ ၂၀၁၈ ခုနှစ် ဥက္ကံသစ်တောကြိုးက တောဆင်ရိုင်းသတ်မှု ၁မှု စုစုပေါင်း ၃ မှုနဲ့ အလိုရှိနေတဲ့ တရားခံတွေပါလို့  ဥက္ကံနယ်မြေရဲစခန်းမှ စခန်းမှူးက ရဲအုပ်မျိုးထွန်းကပြောပါတယ်။

“ကျနော်တို့ ဆင်သတ်မုဆိုး ဖမ်းဆီးရေး အထူးအဖွဲ့မြောက်ပိုင်း ခရိုင်မှုခင်း နှိမ်နင်းရေး အဖွဲ့ဒုရဲမှူးဝင်းနိုင်နဲ့ အဖွဲ့ရယ် ကျနော်တို့အဖွဲ့တွေ မှော်ဘီမြို့နယ် တပ်ကြီးကုန်းကျေးရွာက သူနေအိမ်ကို စောင့်ကြည့်နေချိန် မေလ ၂၈ နေ့ ည ၁နာရီအချိန်မှာ ဖမ်းဆီးခဲ့တာပါ။ ညဘက် စစ်ဆေးတာတွေလုပ်ပြီး ၂၉ ရက်နေ့ မနက် မင်းတုန်းမြို့နယ်က တရားခံ ၂ ယောက်ကို ဆက်လက်ဖမ်းဆီးခဲ့တာပါ။ နောက်ထပ်ဆက်စပ်တရားခံတွေနဲ့ လက်နက်တွေကို ဖမ်းဆီးဖို့ လုပ်နေပါတယ်။ အခုတရားခံတွေကို တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာနယ်မြေထိန်းသိမ်းရေးဥပဒေ ၃၇(က)နဲ့ အမှုဖွင့်အရေးယူထားတယ်"လို့ပြောပါတယ်။

တိုက်ကြီးမြို့နယ်မှာ ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တောဆင်ရိုင်းအသတ်ခံရမှု ၁၀ ကောင်နဲ့အထက်ရှိပြီး ၂၀၁၈ ခုနှစ်မှာတော့ ၄ ကောင်ရှိပါတယ်။

၂၀၁၇၊ ၂၀၁၈ ခုနှစ်အတွင်း တောဆင်ရိုင်းတွေအသတ်ခံရမှု တိုးလာပြီး လျော့နည်း ကျဆင်းရေးအတွက် တောဆင်ရိုင်းတွေသတ်ဖြတ်ခံရတဲ့ ဒေသတွေနဲ့ တောဆင်ရိုင်းတွေကနေ ထွက်ရှိတဲ့ ဆက်စပ်ပစ္စည်းတွေ သယ်ဆောင်ရာလမ်းကြောင်းတွေကို ပိတ်ဆို့ရှာဖွေ ဖမ်းဆီး စုံစမ်းဖော်ထုတ်နေတယ်လို့  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013