DVB Logo
Home
မြန်မာသတင်း
မိုင်းတုံ​ဆေးရုံကို ကုတင်​ ၅၀ ဆန့်​ ပြည်​သူ့​ဆေးရုံအဖြစ် အဆင့်မြှင့်တင်​​ပေးရန်လိုအပ်​​နေ
DVB
·
May 31, 2018
မိုင်းတုံ​ဆေးရုံကို ကုတင်​ ၅၀ ဆန့်​ ပြည်​သူ့​ဆေးရုံအဖြစ် အဆင့်မြှင့်တင်​​ပေးရန်လိုအပ်​​နေ
Donate to DVB

 

ရှမ်းပြည်နယ်၊ မိုင်းတုံ​ပြည်​သူ့​ဆေးရုံကို ကုတင်​ ၅၀ ဆန့်​ ပြည်​သူ့​ဆေးရုံအဆင့် မြှင့်တင်​​ပေးဖို့ လိုအပ်​​နေတယ်လို့ မိုင်းတုံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးက ပြောပါတယ်။

မိုင်းတုံမြို့နယ်​ပြည်​သူ့​ဆေးရုံဟာ ၂၀၁၇ ခုနှစ်​အတွင်း ကုတင်​အသုံးချမှု ၁၆၀ ရာခိုင်​နှုန်းရှိခဲ့တဲ့အပြင်​ ကျန်းမာ​ရေးဝန်​ထမ်းတွေရဲ့ ဝန်​​ဆောင်​မှု ​ကောင်းမွန်​လာတဲ့အတွက် အ​ကောင်းဆုံးမြို့နယ်​​ဆေးရုံစံပြဆု ရရှိထားတာပါ။

မိုင်းတုံမြို့နယ်ရှိ လက်ရှိ ၂၅ ကုတင်​​ဆေးရုံဟာ ​သတ်​မှတ်​ထား​တဲ့ ကုတင်​အသုံးချမှုထက်​ များစွာ​ကျော်​လွန်​လာလို့  ကုတင် ၅၀ ဆန့်​​ ဆေးရုံအဖြစ် တိုး​ချဲ့​ဆောင်​ရွက်​​ပေးဖို့ ရှိ/မရှိ မေ ၂၉ ရက်​​ ပြည်​သူ့လွှတ်​​တော်​အစည်းအ​ဝေးမှာ မိုင်းတုံမြို့နယ် အမတ် ဦး​အောင်​​ကျော်​ဦးက မေးမြန်းခဲ့ပါတယ်​။

ကျန်းမာ​ရေးနဲ့အားကစားဝန်​ကြီး ​ဒေါက်​တာမြင့်ထွေးကတော့ လတ်​တ​​လောလိုအပ်​တဲ့ ECG စက်​သစ်​နဲ့ လိုအပ်​ပစ္စည်း​တွေကို ၂၀၁၈ ဇွန်​လမှာ ဖြည့်စွက်​​ပေးသွားမှာဖြစ်​ပြီး ကုသ​ရေး ရန်​ပုံ​ငွေ လိုအပ်​ချက်​ရှိလာရင်​လည်း ထပ်​တိုး​ပေးသွားမယ်လို့ ပြန်​လည်​​ဖြေကြားခဲ့ပါတယ်​။

လက်ရှိ ဆေးရုံရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မိုင်းတုံမြို့နယ်​ ကျန်းမာ​ရေးဦးစီးဌာနမှူး​ ဒေါက်​တာသက်​ခိုင်​မင်းက “ကျနော်တို့​ဆေးရုံကို ဝန်​ထမ်းအိမ်​ယာ ၆ ခန်းတွဲ တ​ထပ်​နဲ့ ခွဲစိတ်​ခန်း ခွင့်ပြုမယ်​လို့သိရတယ်​။ ​ဆေးဝါးက​တော့ ပြည်​နယ်​ရဲ့ ခွဲတမ်းအတိုင်းရမှာ​ပေါ့။ ပြည်​နယ်​ကျန်းမာရေးဆေးရုံ (ကျိုင်းတုံ)က ခွဲ​ပေးတာ​တွေ ရှိတယ်​။ ၁၀၀ ရာခိုင်​နှုန်း FOC ​တော့ရမှာ မဟုတ်​ဘူး။ ကျိုင်းတုံ​ ဆေးရုံအုပ်​ကြီးနဲ့ ပြည်​နယ်​ ကျန်းမာ​ရေးဦးစီးဌာနမှူးရဲ့ စီမံခန့်​ခွဲမှုနဲ့ လိုတဲ့​နေရာ​တွေ ဖြည့်​ပေးဖို့​တော့ ရှိပါတယ်”လို့​ ပြောပါတယ်​။

မိုင်းတုံ​ဆေးရုံ ကုတင်​အသုံးပြုမှုနှုန်းမှာ ၂၀၁၃ ခုနှစ်​မှာ ၃၃ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်မှာ ၃၄ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်မှာ ၃၀ ရာခိုင်နှုန်း ၂၀၁၆ ခုနှစ်​မှာ ၅၀ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ်​မှာ ၁၆၀ ရရာနှုန်းထိ မြင့်တက်​သွားပြီး တ​ရက်​ပျှမ်းမျှပြင်​ပလူနာ ၆၈.၉ ​ယောက်​နှုန်းနဲ့ ပျှမ်းမျှအတွင်း လူနာ ၃၉.၉ ​ယောက်​နှုန်း ကုသ​ပေးခဲ့ရပါတယ်​။

ဆေးရုံကုတင်​မလုံ​လောက်​တဲ့အတွက် ၂၀၁၇ခုနှစ်​အတွင်း​ဆေးရုံတိုးချဲ့​ဆောင်​သစ်​ကို ဝမ်​ဟုန်​​ရော်​ဘာစိုက်​ပျိုး​ရေးကုမ္ပဏီက ကျပ်​သိန်း ၂၈၀ တန် ​ကုတင် ၂၀ လောက် ဆေးရုံ​ဆောင်​သစ်​နဲ့​ လိုအပ်တဲ့ ကုတင်​နဲ့ အခြားပစ္စည်းမျိုးစုံ လှူဒါန်း​ပေးခဲ့ရပါတယ်​။

မိုင်းတုံပြည်​သူ့​ဆေးရုံကုတင်​အသုံးချမှု ၂၀၁၈ ခုနှစ်​မှာ ​ရာခိုင်​နှုန်းဆက်​တက်​လာပါက ကုတင်​ ၅၀ေ​ဆးရုံအဆင့်သို့ တိုးမြှင့်​​ပေးသွားမှာဖြစ်​ပြီး ​လော​လောဆယ်​ ခွဲစိတ်​​ဆောင်​နဲ့ ၆ ခန်းတွဲဝန်​ထမ်းအိမ်​ယာကို ​ငွေလုံး​ငွေရင်းရန်​ပုံ​ငွေမှ ခွင့်ပြုသွားဖို့ရှိနေတယ်လို့ သိရပါတယ်​။

သတင်း၊ ဓာတ်​ပုံ - ​အောင်​​ဇေယျ(မိုင်းတုံ)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013