DVB Logo
Home
မြန်မာသတင်း
သတင်းမီဒီယာကောင်စီ တပ်မတော်နှင့်တွေဆုံ၊ မီဒီယာများကို ထိန်းသိမ်းကြပ်မတ်ရန်ကတိပြု
DVB
·
May 31, 2018
သတင်းမီဒီယာကောင်စီ တပ်မတော်နှင့်တွေဆုံ၊ မီဒီယာများကို ထိန်းသိမ်းကြပ်မတ်ရန်ကတိပြု
Donate to DVB

 

သတင်းရယူခွင့်ဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနဲ့ တပ်မတော်တို့ရဲ့ ဆဋ္ဌမအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို မေ ၃၀ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းရှိ မြဝတီစာပေတိုက်မှာ ကျင်းပပါတယ်။

ဒီလိုတွေ့ဆုံရာမှာ သတင်းမီဒီယာကောင်စီ ဒုဥက္ကဋ္ဌ ဦးအုန်းကြိုင်က အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်ပါကြောင်း၊ တစ်ဖက်နဲ့ တစ်ဖက် သဘောထားကို ညှိနှိုင်းလို့ ရပါကြောင်းနဲ့ သတင်းမီဒီယာတွေကို အကောင်းဆုံး ထိန်းသိမ်းကြပ်မတ်သွားမှာ ဖြစ်ကြောင်း ပြောကြား ခဲ့တယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပါတယ်။

ဆွေးနွေးပွဲမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် စိုးနိုင်ဦးက တွေ့ဆုံမှုဟာ ခြောက်ကြိမ်ဖြစ်လို့ တစ်ဖက်နဲ့ တစ်ဖက် နားလည်မှု၊ ယုံကြည်မှု၊ ဆက်ဆံရေး ပိုမို ကောင်းမွန်လာကြောင်းပြောပါတယ်။

ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ်ထွန်း ထွန်းညီကတော့ တပ်မတော်နဲ့  ပူးပေါင်းပြီး သတင်းမီဒီယာတွေ လွတ်လပ်စွာ သတင်းရယူခွင့်နဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေကို ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဘက်က တပ်မတော်နဲ့  သက်ဆိုင်တဲ့ ကိစ္စရပ်တွေကို ဆက်သွယ်မေးမြန်းနိုင်ဖို့ ဖုန်း၊ အီးမေးလ်တို့နဲ့ မေးမြန်းနိုင်ရေးဆွေးနွေးခဲ့ပြီး၊ တပ်မတော်ဘက်ကတော့ လက်ရှိ ထုတ်ပြန်ဖြေကြားပေးနေတဲ့အခြေအနေ၊ ရှေ့ဆက် လုပ်ဆောင်မယ့် အခြေအနေတွေကို ပြန်လည်ဆွေးနွေးခဲ့တယ်လို့  မီဒီယာကောင်စီ သတင်း ထုတ်ပြန်ချက်အရသိရပါတယ်။

မှုခင်းသတင်းထောက်အဖွဲ့ နာမည်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ အစည်းဝင်တချို့ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလို ၀တ်စုံ၊ ဦးထုပ်တွေ ၀တ်ဆင်လုပ်ဆောင်နေတာတွေနဲ့ သတင်း သမားတွေအနေနဲ့ ဆီလျော်ခြင်းမရှိတဲ့ အသုံးအနှုန်းတွေ ခေါ်ဝေါ်သုံးစွဲနေတာတွေ အပေါ် တပ်မတော်အနေနဲ့ သိရှိစေဖို့ အသိပေးဆွေးနွေးခဲ့တယ်လို့လည်းဆိုပါတယ်။

ဒါ့အပြင်သတင်းစီးဆင်းမှုတွေ မှန်ကန် မြန်ဆန်ရေး၊ တပ်မတော်နဲ့ သတင်းမီဒီယာေ ကာင်စီဝင်တွေအကြား ပူးပေါင်းဆောင်ရွက်ရေး၊ သတင်းမီဒီယာကျင့်ဝတ်နဲ့ သတင်းမီဒီယာ ဥပဒေဆိုင်ရာကိစ္စတွေလည်း  ဆွေးနွေးကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုဥက္ကဋ္ဌ (၁) ဦးအုန်းကြိုင်၊ ဒုဥက္ကဋ္ဌ (၂)ဒေါက်တာမျိုးသန့်တင်နဲ့ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ၁၂ ဦးတက်ရောက်ခဲ့ပြီး  တပ်မတော်သတင်းမှန် ပြန်ကြားရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ကက(ပြည်) ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ထွန်းထွန်းညီနဲ့ အဖွဲ့ဝင် ၇ ယောက်တက်ရောက်ခဲ့ကြပါတယ်။

ဓာတ်ပုံ- MPC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013