DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာ ကုန်စည်ပြပွဲ ရန်ကုန်တွင် ၃ ရက်ကြာ ကျင်းပမည်
DVB
·
May 31, 2018
ထိုင်း-မြန်မာ ကုန်စည်ပြပွဲ ရန်ကုန်တွင် ၃ ရက်ကြာ ကျင်းပမည်
1 / 2
Donate to DVB

မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရည်ရွယ်ပြီး ထိုင်းနိုင်ငံက အရည်အသွေးမြင့် ကုန်ပစ္စည်းတွေပြသမယ့် တတိယအကြိမ်မြောက် ကုန်စည်ပြပွဲကို ဇွန်လ ၇ ရက်က ၁၀ ရက်ထိ ၃ ရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။

ကုန်စည်ပြပွဲကိုတော့ ရန်ကုန်မြို့ ဦးဝိစာရလမ်းမှာရှိတဲ့ တပ်မတော်ခန်းမမှာ ကျင်းပမှာ ဖြစ်ပြီး ထိုင်းနိုင်ငံက ကုမ္ပဏီပေါင်း ၉၉ ခု က ပါဝင်ပြသရောင်းချသွားမယ်လို့ ဒီကနေ့ Chatrium ဟိုတယ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပြခန်းပေါင်း ၁၁၇ ခုကို ပြသမယ့် ကုန်စည်ပြပွဲမှာ ထိုင်းနိုင်ငံရဲ့ အဆင့်မြင့် စားကုန်တွေ၊ အိမ်သုံးပစ္စည်း၊ အီလက်ထရွန်းနစ်ပစ္စည်း၊ အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်း၊ ကျန်းမာရေးနှင့် အလှအပ ပစ္စည်းနဲ့ အိမ်အလှဆင်ပစ္စည်းနှင့် လက်ဆောင်ပစ္စည်းတွေ စတာတွေကို ပြသသွားမှာပါ။

အဲဒီပြပွဲမှာ အမေရိကန်ဒေါ်လာ တစ်သန်းကျော်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေကို ရောင်းချပြသ သွားမှဖြစ်ပါတယ်။

နှစ်စဉ်ထိုင်းနိုင်င်ငံက မြန်မာနိုင်ငံကို ၁၅၄၁ ဘီလီယံတန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေကို တင်သွင်းရောင်းချနေပြီး မြန်မာနိုင်ငံဘက်က ကုန်စည် ၉၅၀ ကို ထိုင်းနိုင်ငံကို တင်ပို့ ရောင်းချနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013