DVB Logo
Home
မြန်မာသတင်း
ဒေါက်တာအေးမောင်​အမှု​လျှောက်​လဲချက်​ ရခိုင်​ပြည်​နယ်​တရားလွှတ်တော်​က ပလပ်
DVB
·
May 31, 2018
ဒေါက်တာအေးမောင်​အမှု​လျှောက်​လဲချက်​ ရခိုင်​ပြည်​နယ်​တရားလွှတ်တော်​က ပလပ်
Donate to DVB

 

ရသေ့တောင်ဟောပြောမှုနဲ့ပတ်သက်လို့ ပုဒ်မသုံးခုနဲ့ တပြိုင်တည်း တရားစွဲဆိုခံထားရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာအေးမောင်​​ လျှောက်​လဲချက်​ကို ရခိုင်​ပြည်​နယ် ​တရားလွှတ်တော်​က ဒီက​နေ့မှာ အမှုအားလုံးကို ပလပ်​တယ်​လို့ အကျိုး​ဆောင်​​ရှေ့​နေ​တွေက​ ပြောပါတယ်​။

ဒေါက်တာအေးမောင်ရဲ့ ကျိုးဆောင်ရှေ့ တဦးဖြစ်တဲ့ ဦးစံရွှေမောင်က “ဒေါက်တာအေးမောင်ရဲ့အပေါ် စွဲဆိုထားတဲ့အမှုအပေါ် ပယ်ဖျက်ပေးဖို့ ပြည်နယ်တရား လွှတ်တော်မှာ လျှောက်ထားတာ ကျနော်တို့ လျှောက်လဲချက်ပေးဖို့၊ ဒီနေ့ အမိန့်ချထားတာ ပေါ့နော်။ သုံးမှုစလုံးကို ပယ်လိုက်ပါတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ စာပေဟောပြောပွဲနဲ့ ပတ်သက်လို့ ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုခံထားရတဲ့ အမှုအားလုံး ချေဖျက်ပေးဖို့ ဒေါက်တာအေးမောင်တို့ရဲ့ နှစ်ဖက်ရှေ့နေ တွေဘက်က မေ ၃ ရက်နေ့မှာ ရခိုင်ပြည်နယ် တရားလွှတ်တော်မှာ လျှောက်လဲချက် တင်​ခဲ့တာပါ။

ဒေါက်တာအေးမောင်တို့ ဟောပြောချက်တွေနဲ့ ပတ်သက်လို့ စွဲဆိုထားတဲ့ ပုဒ်မတွေဟာ အကျုံးမဝင်ဘူးဆိုတာ ရခိုင်ပြည်နယ်တရားလွှတ်တော်ကို ရှေ့နေတွေက လျှောက်လဲချက် တင်ခဲ့တာပါ။

ဒေါက်တာအေးမောင် အမှုတွဲရဲ့ လျှောက်လဲချက်အထဲမှာတော့ စားရေးဆရာ ဝေဟင်အောင် မပါဝင်ပေမယ့် စွဲဆိုထားတဲ့ အမှုအတူတူ ဖြစ်တာကြောင့် ဒီအမှုတွဲမှာ စာရေးဆရာ ဝေဟင်အောင်လည်း အကျုံးဝင်မယ်လို့ ရှေ့နေတွေက ပြောပါတယ်။

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ရသေ့တောင်မြို့နယ်မှာ ပြုလုပ်တဲ့ စာပေဟောပြောပွဲနဲ့ပတ်သက်လို့ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုပုဒ်မ ၁၂၂ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ) မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇/၁ တို့နဲ့ ဖမ်းဆီးပြီး အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013