DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာခရိုင်အတွင်း လေပြင်းကြောင့် နေအိမ်များ အမိုးလန်၊ သစ်ပင်များ ကျိုးကျ
DVB
·
May 31, 2018
မိတ္ထီလာခရိုင်အတွင်း လေပြင်းကြောင့် နေအိမ်များ အမိုးလန်၊ သစ်ပင်များ ကျိုးကျ
1 / 4
Donate to DVB

 

မိတ္ထီလာခရိုင်အတွင်းရှိ မြို့နယ် ၄ ခုလုံးမှာ မေလ ၃၀ ရက် မနက်ပိုင်းက လေပြင်းကြောင့် သစ်ပင်တွေလဲပြိုတာ၊ အိမ်တွေ အမိုးလန်တာ၊ အုတ်တံတိုင်းတွေပြိုတာ ဖြစ်ခဲ့ပေမယ့် လူနဲ့တိရစ္ဆာန် ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘူးလို့ ခရိုင်မီးသတ်ဦးစီးရုံးက ပြောပါတယ်။

ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းက "သာစည်နဲ့ဝမ်းတွင်းမှာတော့ မုန်တိုင်းကြောင့် သစ်ပင်တွေ ကျိုးကျတယ်။ မလှိုင်မြို့နယ် အောင်စည်ရွာ မူလတန်းကျောင်း အုတ်တံတိုင်း အခန်း ၆ ခန်း ပြိုကျတယ်။ သက္ကယ်ကျင်းရွာ ကျေးလက်ကျန်းမာရေးဌာနလည်း အုတ်တံတိုင်း ၂ ခန့် ပြိုသွားတယ်။ မိတ္ထီလာမြို့နယ် ရေချိုရွာမှာ အိမ် ၂ လုံး ဈေးဆိုင်တဆိုင် အမိုးလန်ပျက်စီး သွားတယ်။ ခါးကော့ရွာဘုန်းတော်ကြီးကျောင်းထဲက မန်ကျည်းပင်လဲကျတာ ဓာတ်တိုင်၂တိုင်နဲ့ ကျောင်းအဝင်တံခါးမကြီး ပျက်သွားတယ်။ အဲလိုပဲ သီးပင်ကုန်းရွာမှာ မန်ကျည်းပင် အိမ်ပေါ် ပိကျတယ်။ လူတွေတော့ ထိခိုက်မှု မရှိဘူး၊ အိမ်ကတော့ပျက်သွားတယ်။ မုန်တိုင်းကြောင့် ပျက်စီးမှုတွေ သစ်ပင်တွေကို သန္ဓေအရံ မီးသတ်တပ်ဖွဲ့ဝင်တွေက ကူညီလုပ်ဆောင်ပေးနေ တယ်"လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့နေ ကိုဇေယျာက "လေကတော့ အတော်ပြင်းတယ်။ ပျက်စီးမှုတော့ သိပ်မဖြစ်တာ ကံထူးတယ်ဆိုရမယ်"လို့ ပြောပါတယ်။

မိတ္ထီလာခရိုင်အတွင်း ၂၀၁၈ ခုနှစ်မှာ မိုးသက်လေပြင်း ကျရောက်တာများလာပြီး ပျက်စီးဆုံးရှုံးမှု သိပ်မများဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း-မောင်မောင်လင်း-(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013