DVB Logo
Home
မြန်မာသတင်း
သမုဒ္ဒရာတွင်း မုန်တိုင်းကြား ရင်ဆိုင်ကျော်လွှားခဲ့သည့် စုံတွဲအကြောင်း ရုပ်ရှင် - Adrift (နမူနာ)
DVB
·
May 31, 2018
သမုဒ္ဒရာတွင်း မုန်တိုင်းကြား ရင်ဆိုင်ကျော်လွှားခဲ့သည့် စုံတွဲအကြောင်း ရုပ်ရှင် - Adrift (နမူနာ)
Donate to DVB

အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရချိန်မှာ ဘယ်လို ကျော်လွှားသွားနိုင်မလဲ ဆိုတာက ခိုင်မာတဲ့ အားမာန်နဲ့ သတ္တိလိုအပ်ပါတယ်။

Adrift လို့ အမည်ပေးထားတဲ့ ဒီရုပ်ရှင်ကားကတော့ သမုဒ္ဒရာထဲ ရွက်လွှင့်ချိန် မုန်တိုင်းနဲ့ ထိပ်တိုက်တိုးမိပြီး အခက်အခဲတွေကြားမှာ ဘယ်လိုရုန်းကန် ကျော်လွှားခဲ့သလဲ ဆိုတာကို ရိုက်ကူးပုံဖော်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ဖြစ်ရပ်မှန်အခြေပြု American Romantic Drama အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်ပြီး ဒီကားကိုတော့ ဒါရိုက်တာ Baltasar Kormákur က ရိုက်ကူးထားတာ ဖြစ်ပါတယ်။

၁၉၈၃ ခုနှစ်က သမုဒ္ဒရာတွင်း ရွက်လွှင့်ကြတဲ့ စုံတွဲတတွဲ ကြုံတွေ့ခဲ့ကြတဲ့ အခြေအနေတွေအကြောင်းကို အခြေတည်ပြီး ပုံဖော်ရိုက်ကူးထားခဲ့တာပါ။

တာမီ အိုးလ်ဒ်ဟမ်း (Tami Oldham) နဲ့ ရစ်ချာ့ဒ် ရှာ့ပ် (Richard Sharp) တို့ လူငယ်စုံတွဲဟာ တဟီတီကနေ ဆန်ဒီယေဂိုထိ သမုဒ္ဒရာထဲကနေ ရွက်လွှင့်ပြီး စံချိန်တင်ဖို့ ကြိုးစားခဲ့ကြတာပါ။

ဒါပေမယ့် ဟာရီကိန်းမုန်တိုင်းတခုနဲ့ ထိပ်တိုက်တိုးခဲ့ချိန်မှာတော့ သူတို့ရဲ့ ခရီးပန်းတိုင်ဟာ အခက်အခဲနဲ့ ဒုက္ခအနိဋ္ဌာရုံအဖြစ် ရုတ်တရက် ပြောင်းလဲသွားခဲ့ပါတော့တယ်။

တာမီဟာ မုန်တိုင်းစဲလို့ ပြန်နိုးထလာချိန်မှာ သူ့ရဲ့ ပျက်စီးသွားတဲ့ လှေကိုရော၊ ထိခိုက်ဒဏ်ရာရရှိပြီး ပျောက်ဆုံးသွားတဲ့ အမျိုးသားကိုရော ပြန်ကယ်တင်နိုင်ပါ့မလား။

သူ့ရဲ့ ခရီးပန်းတိုင်ဆီ ပြန်ရောက်လာနိုင်ပါ့မလား ဆိုတာကို ရင်တဖိုဖိုနဲ့ စောင့် ကြည့်ကြရမယ့် ဇာတ်ကားတကားပါ။

ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသမီး ရှာလီးန် ဝုဒ်လေ (Shailene Woodley) နဲ့ မင်းသား ဆမ် ကလပ်ဖ်လင် (Sam Claflin) တို့က ခေါင်းဆောင်ပါဝင်ထားကြတာပါ။

အမေရိကန်ဒေါ်လာ ၃၅ သန်း အကုန်အကျခံ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇွန်လ ၁ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013