DVB Logo
Home
မြန်မာသတင်း
ဟားခါးတွင် နေအိမ်နှင့်ဆိုင်ခန်းမီးလောင်မှုကြောင့် ၃ ဦးသေဆုံး
DVB
·
May 31, 2018
ဟားခါးတွင် နေအိမ်နှင့်ဆိုင်ခန်းမီးလောင်မှုကြောင့် ၃ ဦးသေဆုံး
Donate to DVB

 

ချင်းပြည်နယ်မြို့တော် ဟားခါးဈေးသစ်ရပ်ကွက်ထဲမှာ ဒီကနေ့မနက် ၂ နာရီလောက်က မီးလောင်မှုဖြစ်ပွားပြီး အမျိုးသမီးကြီး ၃ ဦး သေဆုံးကာ  ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဈေးသစ်ရပ်ကွက်နေ ဒေါ်ဝေကျန်းဆိုသူရဲ့နေအိမ်ကနေစပြီး  ဒီကနေ့ မနက် ၁ နာရီ ၄၅ မိနစ်က မီးလောင်ကျွမ်းကာ မီးသတ်ကား ၇ စင်းနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ပေမယ့် ပုလဲစတိုး ဆိုင်အပြင်ဘေးက နေအိမ် ၁ လုံးပါ ကူးစက်လောင်ကျွမ်းသွားသလို အမျိုးသမီးကြီး ၃ ဦး သေဆုံးကာ ၁ ဦးမှာ ဆေးရုံမှာ တက်ရောက်ကုသနေတယ်လို့ ဟားခါးမြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ကြပ်ကြီး မိုဇာလျန်းက ဒီဗွီဘီကို ပြောပါတယ်။

“မီးစလောင်တာကတော့ ဒေါ်ဝေကျန်းတို့အိမ် မီးဖိုကနေ မီးကြွင်းမီးကျန်ကနေ စတာလို့ သိရပါတယ်။ စလောင်တာ ဒီမနက် ၁ နာရီ ၄၅ မိနစ်။ ကျနော်တို့ ဟားခါး မီးသတ်ဌာနကနေ ရေသည်ယာဉ် ၄ စီး၊ မီးသတ်ကား ၃ စီး စုစုပေါင်း ၇ စီးနဲ့ သွားငြိမ်းသတ်ပါတယ်ခင်ဗျ။ မီးရှိန်ကပြင်းတော့ မနက် ၂ နာရီ ၄၀ မိနစ်ကျမှ မီးညွန့်ကျိုးသွားတယ်။ ဒါပေမယ့် အိမ်ရှင် ဒေါ်ဝေကျန်း အသက် ၉၀ နှစ် နဲ့ နောက်ထပ် အမျိုးသမီး ၂ ယောက် အသက် ၈၂ နှစ် နဲ့ ၄၅ နှစ်  ဆုံးသွားပြီး နောက်ထပ် အသက် ၄၅ နှစ်လောက်ရှိတဲ့ အမျိုးသမီးတယောက်တော့ ဆေးရုံ ပို့ထားပါတယ်။ သူကတော့ ဒဏ်ရာမစိုးရိမ်ရပါဘူး။”

မီးလောင်မှုကြောင့် ပျဉ်ခင်းပျဉ်ကာ သွပ်မိုး ၂ နှစ်အိမ် ၂ လုံးနဲ့  အောက်ထပ်ကတိုက် အပေါ် ၂ ထပ်က ပျဉ်ခင်းပျဉ်ကာ၊ သွပ်မိုး ၃ ထပ် ပုလဲစတိုး ကုန်စုံဆိုင် မီးလောင်ခဲ့ကြောင်း၊  ဆိုင်ခန်းထဲက ပစ္စည်းတွေ အကုန်မီးထဲပါသွားပြီး ဆိုင်ပိုင်ရှင်အဒေါ်ကြီးပါ မီးထဲပါသွားတာလို့ ဆိုပါတယ်။

မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ စုစုပေါင်း ကျပ် ၂၈၇ သိန်းနဲ့ ၇ သောင်းလို့ ဟားခါးမီးသတ်ဌာနက ခန့်မှန်းထားပါတယ်။  

ဓာတ်ပုံ - The Chinland Post

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013