DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ အကောင်အထည်ဖော်နေ
DVB
·
May 31, 2018
ရေးမြို့နယ်တွင် ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ အကောင်အထည်ဖော်နေ
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်စံပြကျေးရွာမှာ ယခုနှစ် မိုးရာသီကစလို့ ရေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာအဖြစ် ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။

နည်းပညာပေးလုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ မြေဆီလွှာ ဖွံ့ဖြိုး တိုးတက်ရေး၊ မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး၊ သီးနှံပြုစု စောင့်ရှောက်ရေးလုပ်ငန်းတွေကို စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းတွေနဲ့ တောင်သူ တွေလိုက်နာခြင်းဖြင့် အကျိုးအမြတ်ရရှိရေးကို ဦးတည်ဆောင်ရွက်မှာဖြစ်ပြီး စံပြအဖြစ် အဲဒီကျေးရွာက စိုက်ဧက ၁၀၀ မှာ ဆောင်ရွက်သွားမယ်လို့ ရေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်လှဝင်းက ဒီဗွီဘီကို ပြောပါတယ်။

''ဌာနအနေနဲ့ နည်းပညာပိုင်းပံ့ပိုးမှုတွေ အပြည့်အဝပေးမယ်။ စီးပွားဖြစ်မျိုးစေ့တွေ အခမဲ့ ပေးမယ်။ ဈေးကွက်ဝင် အဆင့်မီတဲ့ စပါးတွေ ထွက်လာမယ်။ နှစ်သီးစားဆောင်ရွက်မှာဖြစ်လို့ မိုးစပါးပြီးရင် ပဲကိုလည်း ထည့်ပေးသွားမယ်။ တခြားတောင်သူတွေကို သတင်းပေးထားပြီး လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့ နေရာလည်းဖြစ်လို့ စံတခုအနေနဲ့ လေ့လာစေဖို့ ဆောင်ရွက်သွားမယ်။ အဓိကကတော့ တောင်သူတွေအကျိုးလာမှာပါ''လို့ သူက ဆက်လက်ပြောပါတယ်။

မိုးစပါးကိုသာ အဓိကထားစိုက်ပျိုးတဲ့ ရေးမြို့နယ်မှာ မှတ်တမ်းတွေအရ စိုက်ဧက ၆၈၀၀၀ ကျော်ရှိပြီး နွေစပါးအနေနဲ့ ဧက ၂၀၀လောက်သာရှိတာပါ၊ အဓိကစပါးအနေနဲ့ မြီးဒုံးအမျိုးအစားများကိုသာ စိုက်ပျိုးပြီး အခုအခါ ကြိတ်ပြီး ချက်ချင်းရောင်းလို့ရနိုင်တဲ့ ဈေးကွက်ဝင် ပေါ်ဆန်းရင်အမျိုးအစားကို စံပြအဖြစ်စိုက်ပျိုးသွားမှာဖြစ်ပါတယ်။

အဘော်ကျေးရွာနေ တောင်သူတဦးက “ထွက်ရှိတဲ့ စပါးတွေအတွက် အခက်အခဲက ကြိတ်ခွဲနိုင်တဲ့အဆင့်မြင့်ဆန်စက်က ဒီမြို့မှာ ရှိမနေဘူး။ အဲဒီအတွက် အစုအဖွဲ့နဲ့ ချေးငွေရယူ ဆောင်ရွက်လုပ်ကိုင်နိုင်ဖို့ စီစဉ်ပေးနိုင်ရင် ဒေသတွင်း ပိုမိုအဆင်ပြေလာနိုင်မယ်။ ကြိုးစားဖို့လည်း ရှိတယ်''လို့ ပြောပါတယ်။

အဲဒီစံပြကျေးရွာမှာ စိုက်ပျိုးပညာပေးရေး၊ မြေအသုံးချရေး၊ မျိုးစေ့နဲ့ သီးနှံကာကွယ်ရေး ဝန်ထမ်းတွေနဲ့ စနစ်တကျစုဖွဲ့ တာဝန်ပေးအပ်ပြီး အခြေချ နေထိုင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

သတင်း - ဝင်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013