DVB Logo
Home
မြန်မာသတင်း
ဒီပဲယင်း လုပ်ကြံမှုတွင် သေဆုံးခဲ့သူများအတွက် ရည်စူးပြီး ဆီမီးထွန်း ဆုတောင်း
DVB
·
May 31, 2018
ဒီပဲယင်း လုပ်ကြံမှုတွင် သေဆုံးခဲ့သူများအတွက် ရည်စူးပြီး ဆီမီးထွန်း ဆုတောင်း
1 / 3
Donate to DVB

လွန်ခဲ့တဲ့ ၁၅ နှစ် ၂၀၀၃ မေ ၃၀ ဒီပဲယင်း အကြမ်းဖက်လုပ်ကြံမှုမှာ သေဆုံးသွားခဲ့သူတွေအတွက် ရည်စူးပြီး မုံရွာမြို့ခံ နိုင်ငံရေးအင်အားစုတွေက မနေ့ညက ဆုတောင်းပြည့်ဘုရား ရှစ်မျက်နှာစေတီမှာ ဆီမီးထွန်းဆုတောင်း အမျှအတန်း ပေးဝေခဲ့ကြပါတယ်။

ဆုတောင်းပွဲ ဦးဆောင်သူ ဦးဝဏ္ဍသိဒ္ဓိက "မေ ၃၀ ဒီပဲယင်း အရေးအခင်းမှာ ဘဝတပါး ကူးပြောင်းသွားတဲ့ ရဲဘော်ရဲဘက်တွေကို အမျှအတန်းပေးဝေရင်း သူတို့အတွက် ကောင်းမှု ကုသိုလ်ရပါစေ ဆိုပြီးတော့မှ အားလုံးစုပေါင်း ဆုတောင်းမေတ္တာပို့သခြင်း ဖြစ်ပါတယ်။ လက်ရှိအနေအထားမှာတော့ ၈၈ ခုနှစ်ကနေ ၂၀၀၃ ဒီပဲယင်းအရေးအခင်း၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အရေးအခင်းတွေနဲ့ပတ်သက်ပြီး ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေရဲ့ အသက်တွေ ပေးဆပ်ခဲ့ရတာ ပြန်ပြီးကြည့်လိုက်မယ်ဆိုရင် ပေးဆပ်မှုတွေနဲ့ ရနေတာတွေနဲ့က လုံးဝကိုက်ညီမှု၊ တူညီမှု မရှိသေးဘူးလို့ မြင်တယ်။ ဘာကြောင့်လဲဆိုရင် အခုအချိန်ထိ အန်အယ်လ်ဒီ အစိုးရလို့သာ အမည်ခံရတယ်။ အာဏာပါဝါ အပြည့်အဝမရှိတဲ့ အတွက်၊ လုပ်မရတဲ့အတွက် ပေးဆပ်ရတာ မတန်သေးဘူးလို့ ပြောချင်ပါတယ်"လို့ ပြောပါတယ်။

ဒီအခမ်းအနားကိုတော့ အန်အယ်လ်ဒီ ထိပ်ပိုင်းခေါင်းဆောင် တဦးဖြစ်တဲ့ မုံရွာအောင်ရှင်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေနဲ့ ဒေသခံတွေ တက်ရောက်ပြီး သံဃာတော်တွေကို လှူဒါန်းတာ၊ သေဆုံးသွားသူတွေအတွက် အမျှအတန်းပေးဝေ လွမ်းသူ့ပန်းခွေချ ဂုဏ်ပြုအလေးပြုတာ၊ တက်ရောက်လာသူတွေကို ထမင်းကျွေးမွေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

၂၀၀၃ ခုနှစ် မေ ၃၀ ရက်က ဒီပဲယင်းမြို့အနီး ကြည်ရွာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ လိုက်ပါလာတဲ့ ပါတီစည်းရုံးရေးယာဉ်တန်းကို စစ်အစိုးရလက်ပါးစေတွေက ညအမှောင်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးဒဏ်ရာရသူ ရာနဲ့ချီရှိနိုင်တယ်လို့ ကိုယ်တွေ့ကြုံရသူတွေက ခန့်မှန်းပါတယ်။

ဒီပဲယင်းလုပ်ကြံမှု အောက်မေ့ဖွယ်အခမ်းအနားကို အခင်းဖြစ်ပွားခဲ့ရာ ကြည်ရွာမှာလည်း ဒေသခံ အန်အယ်လ်ဒီပါတီဝင်တွေက မနေ့က  ပြုလုပ်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013