
ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၄၇,၄၅၀ ပေါက်ဈေးရှိပြီး မနေ့က ဈေးအတိုင်း ပြောင်းလဲမှုမရှိပါဘူး။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ငွေကျပ် ၄၅,၃၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၂,၁၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ကုလားပဲ v2
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကုလားပဲ v2 က တတင်းကို ၁၉,၄၅၀ ကျပ်ကနေ ငွေကျပ် ၂၀,၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တတင်းကို ၂၀,၆၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ ပခုက္ကူကုန်စည်ဒိုင် တတင်းကို ၆၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ပဲကြီး(ရွှေကျွန်း)
ရန်ကုန် ကုန်စည်ဒိုင်မှာ ပဲကြီး(ရွှေကျွန်း)က တတင်းကို ငွေကျပ် ၃၃၄,၀၀ ကနေ ၃၄,၁၀၀ ကျပ် ပေါက်ဈေးရှိပြီး တတင်းကို ၂၅၀ ကျပ် ဈေးတက်လာပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ တတင်းကို ၃၂,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ အောင်လံ ကုန်စည်ဒိုင် တတင်းကို ၂,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ကြက်သွန်နီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကြက်သွန်နီက တပိဿာကို ၅၀၀ ကျပ်ကနေ ၆၅၀ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၂၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တပိဿာကို ၃၅၀ ကျပ်ကနေ ၅၂၅ ကျပ် ပေါက်ဈေးရှိပြီး ရန်ကုန်နဲ့ ပခုက္ကူကုန်စည်ဒိုင် တပိဿာကို ၁၂၅ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ကြက်သွန်ဖြူ(အောင်ပန်း၊ တောင်ကြီး)
ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ကြက်သွန်ဖြူ(အောင်ပန်း၊တောင်ကြီး) တပိဿာကို ၁,၀၀၀ ကျပ်ကနေ ၁,၆၅၀ ကျပ် ပေါက်ဈေးရှိပြီး ၅၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တပိဿာကို ၅၀၀ ကျပ်ကနေ ၁,၂၀၀ ကျပ် ပေါက်ဈေးရှိပြီး ရန်ကုန်နဲ့ ပခုက္ကူ ကုန်စည်ဒိုင် တပိဿာကို ၄၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
နှမ်းဆီ
ရန်ကုန် ကုန်စည်ဒိုင်မှာ နှမ်းဆီက တပိဿာကို ငွေကျပ် ၅,၁၀၀ ပေါက်ဈေးရှိပြီး ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ တပိဿာကို ၄,၄၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ ပခုက္ကူ ကုန်စည်ဒိုင် တပိဿာကို ၇၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA











