DVB Logo
Home
မြန်မာသတင်း
ကြံ့ခိုင်ရေးပါတီတွင် အလုပ်မလုပ်ဘဲ နေရာယူထားသူများကို အမြန်အစားထိုးရန် လိုအပ်နေ
DVB
·
May 30, 2018
ကြံ့ခိုင်ရေးပါတီတွင် အလုပ်မလုပ်ဘဲ နေရာယူထားသူများကို အမြန်အစားထိုးရန် လိုအပ်နေ
Donate to DVB

ပါတီမှာ အလုပ်မလုပ်ဘဲ နေရာယူထားသူတွေ ရှိနေပြီး အဲဒီနေရာတွေကို အမြန်ဆုံး လူစားလဲလှယ်ပေးဖို့ လိုအပ်နေတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောပါတယ်။

“တချို့ လူဟောင်းတွေ လူကြီးတွေ ပြောလေ့ရှိတာက တို့က အသင်းကတည်းက လုပ်လာတာ၊ ပါတီစဖွဲ့ကတည်းက ဘာလုပ်လာတာ၊ ညာလုပ်လာတာ စသည်ဖြင့် လူငယ်တွေ၊ လူသစ်တွေကို မလုပ်တတ်၊ မကိုင်တတ်လို့ထင်၊ စိတ်မချလို့ တာဝန်မပေး၊ ကိုယ်တိုင်ကျတော့ ခေတ်ကို မျက်ခြည်ပြတ်ပြီး ရုံးတက်ရင်လည်း ရုံးထဲကမထွက်ဘဲ နေရာယူထားသူတွေ ရှိနေသေးတာကို သတိထားမိပါတယ်။ အားလုံး မဟုတ်ပါဘူး”လို့ ဦးသန်းဌေးက ပြောပါတယ်။

ပါတီနာမည်ဟာ ၁၉၉၃ ခုနှစ်ကတည်းက လူမှုရေးအသင်းအဖြစ် ရှိနေခဲ့တာဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်မှာ နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

“တာဝန်မယူ၊ အလုပ်မဖြစ်ဘဲ နေရာယူထားသူတွေကို အမြန်ဆုံး လူစားလဲလှယ်ပေးရမှာ ဖြစ်သလို စေတနာရှိ အရည်အသွေး အရည်အချင်းရှိသော်လည်း အသက်အရွယ်အရ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့တဲ့ လူကြီးများနေရာမှာ လူစားဝင်နိုင်ဖို့လည်း လူသစ်တွေ၊ လူငယ်တွေ ကျား၊ မ မရွေး အမြဲအသင့်ရှိနေကြဖို့ လိုအပ်ပါတယ်”လို့ ဦးသန်းဌေးက ပြောဆိုခဲ့ပါတယ်။

ဒီကနေ့ မေလ ၃၀ ရက်က နေပြည်တော်မှာရှိတဲ့ ပါတီဗဟိုဌာနချုပ်ရုံးမှာ ပါတီရဲ့ လူငယ်ညီလာခံ ၂၀၁၈ ကို ကျင်းပရာမှာ ပါတီခေါင်းဆောင် ဦးသန်းဌေးက ပြောဆိုခဲ့တာပါ။

ညီလာခံကိုတော့ ပါတီရဲ့ ခေါင်းဆောင်ပိုင်း တာဝန်ရှိသူတွေ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက လူငယ်ကိုယ်စားလှယ်တွေ၊ မြို့နယ်/ခရိုင်အဆင့် လူငယ်တာဝန်ခံတွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013