DVB Logo
Home
မြန်မာသတင်း
ဖျာပုံမြို့နယ်ပင်လယ်ပြင်တွင် ငါးဖမ်းစက်လှေမှောက်ပြီး ၁ဦးသေ၊ ၁ဦးပျောက်ဆုံး
DVB
·
May 30, 2018
ဖျာပုံမြို့နယ်ပင်လယ်ပြင်တွင် ငါးဖမ်းစက်လှေမှောက်ပြီး ၁ဦးသေ၊ ၁ဦးပျောက်ဆုံး
Donate to DVB

 

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ပင်လယ်ပြင်မှာ မိုးသည်းထန်လေပြင်း တိုက်ခတ်လှိုင်းကြီးတာကြောင့် ငါးဖမ်းစက်လှေတစီးတိမ်းမှောက်နစ်မြုပ်ပြီး စက်လှေဦးစီးပါ ၁၈ ဦးလွတ်မြောက်ခဲ့ပေမယ့် တဦးသေဆုံးကာ တဦးပျောက်ဆုံးနေတယ်လို့ ဧရာဝတီတိုင်းေ ဒသကြီးရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

ဘိုကလေးမြို့နယ် အေရာရွာက လူ ၂၀ ဦးပါ ငါးဖမ်းစက်လှေဟာ ဖျာပုံမြို့နယ် မင်္ဂလာသောင်တန်းကျေးရွာ၊ ဂရက်ကြီးကျွန်းအနီး ပင်လယ်ပြင်မှာ မေ ၂၈ရက် မနက်က  လေပြင်းတိုက်ခတ်လှိုင်းကြီးတာကြောင့် နစ်မြုပ်သွားခဲ့တာဖြစ်ပါတယ်။

မေလ ၂၈ ရက်နဲ့ မေလ ၂၉ ရက်တွေမှာ ဧရာဝတီတိုင်းအတွင်းမှာ မုန်တိုင်းငယ် အရှိန်ကြောင့်  မိုးသည်းလေပြင်းတွေ တိုက်ခတ်ခဲ့တဲ့အတွက် မြို့နယ်တချို့မှာ စေတီပုထိုးတွေ နေအိမ်အဆောက်အဦတွေ စာသင်ကျောင်းတွေ ပျက်စီးခဲ့ပါတယ်။

လေပြင်းတိုက်ခတ်မှုတွေကြောင့် ငပုတောမြို့နယ်က မြတ်မော်တင်စွန်းဘုရား အရန် စေတီငယ်တချို့ စိန်ဖူးတော်ပြုတ်ကျခဲ့ပြီး ဇရပ်တချို့လည်း ပျက်စီးမှုအနည်းငယ်ဖြစ်ခဲ့ပါတယ်။

ငပုတောမြို့နယ် ဒီးဒူးကုန်းကျေးရွာမှာနေအိမ် ၆ လုံး၊  ပုသိမ်မြို့မှာတော့ နေအိမ် ၄ လုံး သာပေါင်းမြို့နယ်မှာ နေအိမ် ၁ လုံး၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ နေအိမ် ၁ လုံး ပျက်စီးခဲ့တယ်လို့ ဧရာဝတီတိုင်း ဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက သိရပါတယ်။

ဒါ့အပြင် လပွတ္တာမြို့နယ် ကုန်းကြီးရွာက ဓနိမိုးဓနိကာ မြေစိုက် မူလတန်းကျောင်းလည်း ပျက်စီးခဲ့ပြီး ဘုန်းတော်ကြီးကျောင်းတချို့လည်း အမိုးလန်ပျက်စီးသွားကာ သစ်ပင်တွေနဲ့ ဓါတ်တိုင်ကျိုးကျတာရှိခဲ့တယ်လို့လည်းဆိုပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွန်ကြားရေးမှူး ဦးသန်းစိုးက“စာသင်ကျောင်းတွေကတော့ အမိုးလန်တာတွေ နည်းနည်းပါးပါး ရှိတယ်။ ဟိုင်းကြီးဘက်က မော်တင်စွန်းဘုရား အရန်စေတီတော် ထိခိုက်မှုဖြစ်သွားတယ်။ မများပါဘူး။ ဧရာဝတီတိုင်းဒေသကြီးအနေနဲ့ သက်သက်သာသာ ဖြစ်တယ်လို့ ဆိုရပါမယ်။ မုန်တိုင်းငယ်က မဖြတ်ပေမယ့် ကမ်းခြေတလျှောက် မုန်တိုင်းစက်ဝန်း နည်းနည်းကျသွားတာ”လို့ ပြောပါတယ်။

မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013