DVB Logo
Home
မြန်မာသတင်း
ပျောက်ကွယ်လုဖြစ်နေသည့် မရမာကြီးစာပေနှင့်ယဉ်ကျေးမှု ထွန်းကားအောင်ပြန်လုပ်မည်
DVB
·
May 30, 2018
ပျောက်ကွယ်လုဖြစ်နေသည့် မရမာကြီးစာပေနှင့်ယဉ်ကျေးမှု ထွန်းကားအောင်ပြန်လုပ်မည်
1 / 5
Donate to DVB

 

ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မရာမာကြီး စာပေနဲ့ ယဉ်ကျေးမှု ဘာသာစကားတွေကို ပြန်လည်ထွန်းကားဖို့အတွက် အကောင်အထည်ဖော်သွားမယ်လို့ မရမာကြီးတိုင်းရင်းသား ခေါင်းဆောင်တွေက ပြောဆိုပါတယ်။

မေလ ၂၉ ရက်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကျင်းပတဲ့ တတိယအကြိမ်မြောက် မရမာကြီး တိုင်းရင်းသားအမျိုးသားနေ့ အခမ်းအနားမှာ မရမာကြီး တိုင်းရင်းသား ခေါင်းဆောင်တွေကပြောကြားခဲ့တာပါ။

မရမာကြီးတိုင်းရင်းသားညီလာခံတွေကို စစ်တွေမြို့အပြင်  ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်မှာလည်း တပြိုင်တည်းကျင်းပခဲ့ပြီး တခြားတိုင်းရင်းသားတွေ တန်းတူ အခွင့်အရေးရသလို့ မရမာကြီး တိုင်းရင်းသားတွေလည်း အခွင့်အရေး ရစေချင်တယ်လို့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ မရမကြီးတိုင်းရင်းသားတွေ မြို့နယ် တမြို့နယ်ကကိုယ်စားလှယ် ငါးဦးစီအပါအဝင် တခြား လူနည်းစုတိုင်းရင်းသားတွေဖြစ်ကြတဲ့ မြို၊ သက်၊ ဒိုင်းနက်တို့ကလည်း ဒီအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ မာရမာကြီးတိုင်းရင်းသားဦးရေ ၁၅၀၀၀ ဝန်းကျင်လောက်ရှိပြီး ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်အပါအဝင် အခြားတိုင်းဒေသတွေမှာနေထိုင်ကြတယ်လို့ မရမာကြီးခေါင်းဆောင် ဦးမောင်နုက ပြောပါတယ်။

မရမာကြီး စာပေနဲ့ ယဉ်ကျေးမှု ဘာသာစကားတွေကို အကောင်အထည်ဖော်ရာမှာ ပံ့ပိုးနိုင်ဖို့ အတက်ပညာရှင်နဲ့ အသိပညာရှင်တွေကလည်း ရှိနေပြီလို့လည်းဆိုပါတယ်။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013