DVB Logo
Home
မြန်မာသတင်း
ကေအန်ယူကို ထိုးစစ်ဆင်ရန် မဟုတ်ဘဲ နယ်မြေလုံခြုံရေးအတွက် ဆက်လက်တပ်စွဲထားဟု ကာကွယ်ရေးဌာနပြော
DVB
·
May 30, 2018
ကေအန်ယူကို ထိုးစစ်ဆင်ရန် မဟုတ်ဘဲ နယ်မြေလုံခြုံရေးအတွက် ဆက်လက်တပ်စွဲထားဟု ကာကွယ်ရေးဌာနပြော
Donate to DVB

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လွယ်မူပလောဒေသမှာ တပ်တွေ ပြန်မရုပ်သိမ်းတာဟာ ကေအန်ယူကို တိုက်ဖို့မဟုတ်ဘဲ နယ်မြေလုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန အဆင့်မြင့်တာဝန်ရှိသူတဦးက ပြောပါတယ်။

လွယ်မူပလောဒေသမှာ တပ်စခန်းတွေကို ပြန်ရုပ်သိမ်းဖို့ ကေအန်ယူနဲ့ တပ်မတော် ခေါင်းဆောင်တွေ ဆွေးနွေးသဘောတူခဲ့ပေမယ့် လက်ရှိအချိန်အထိ တပ်စခန်းတွေ ပြန်ရုပ်သိမ်းတာမျိုး မရှိသေးပါဘူး။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး မေလ ၂၉ ရက်က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီဗွီဘီသတင်းဌာနက မေးမြန်းခဲ့ရာမှာ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက နယ်မြေဒေသ ကို ကာကွယ်ဖို့ တပ်တွေ ဆက်ရှိနေတာလို့ ဖြေဆိုခဲ့ပါတယ်။

“ကျနော်တို့က ဒီထဲမှာ ရှိနေတယ်ဆိုတဲ့တပ်က စတင်ပြီးတော့ သူတို့နဲ့ ကျနော်တို့ အန်စီအေ လမ်းကြောင်းပေါ်မှာ လက်မှတ်ထိုးတဲ့အချိန်တုန်းကလည်း ဒီတပ်တွေ ရှိပါတယ်။ ထိုးစစ်ကာလတုန်းကလည်း သူတို့လည်း သိပါတယ်။ ဒီတပ်တွေက ရှိပြီးသားပါ။ ဒီတပ်တွေ ရှိနေရတဲ့ ရည်ရွယ်ချက်သည် ဒီဟာတွေကို ကျနော်တို့ ကေအန်ယူကို  ထိုးစစ်ဆင်ဖို့ မဟုတ်ဘဲနဲ့ ဒီနေရာမှာရှိနေတဲ့ နယ်မြေတွေရဲ့ လုံခြုံရေး၊ ကာကွယ်ရေး၊ ဒီဟာတွေအတွက်ကို ကျနော်တို့ မူတည်ပြီးတော့ပဲ ဒီမှာ စစ်စခန်းရှိရခြင်းပဲ ဖြစ်ပါတယ်”လို့ ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက ပြောပါတယ်။

မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံတော်အစိုးရရဲ့ ပြည်သူ့ အတွက် ဒုတိယ ၁ နှစ်တာ ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲမှာ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူက  စစ်ဘေးရှောင်စခန်းတွေ ဆောက်လုပ်ခွင့်ပြုပေးမှု အခြေအနေ၊ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားရတဲ့ အကြောင်းအရင်းတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကိုလည်း ဖြေကြားသွားပါတယ်။

ဒါ့အပြင် တပ်သိမ်းမြေတွေ ပြန်လည်ပေးအပ်မှု အခြေအနေ၊ အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံ တပ်မတော်အချင်းချင်း ဆက်ဆံရေး အခြေအနေ၊  ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံအပေါ် တပ်မတော်ရဲ့ သဘောထားအမြင်၊ စစ်ဘက် တရားရုံးတွေရဲ့ တရားစီရင်မှု အခြေအနေတွေကိုလည်း ရှင်းလင်းဖြေကြားသွားပါတယ်။

ဓာတ်ပုံ-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013