DVB Logo
Home
မြန်မာသတင်း
မုံရွာအကျဉ်းထောင် ဝန်ထမ်းတိုက်ခန်း မီးလောင်
DVB
·
May 30, 2018
မုံရွာအကျဉ်းထောင် ဝန်ထမ်းတိုက်ခန်း မီးလောင်
1 / 5
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာအကျဉ်းထောင်ဝင်းအတွင်းရှိ ဝန်ထမ်းလိုင်းခန်း မီးလောင်မှု မေလ ၂၉ ရက် ည ၁၁ နာရီအချိန်လောက်က ဖြစ်ပွားခဲ့ပါတယ်။

မုံရွာအကျဉ်းဦးစီးဌာန ဒုတပ်ကြပ်အေးအေးစိုးရဲ့ နေအိမ်ခန်းကနေ ဘုရားစင်မီး ဝါယာလျှော့ဖြစ်ကာ မီးပွားကျပြီး ဘုရားစင်အောက် မွေ့ယာကို မီးကူးစက်ခဲ့လို့ ဝန်ထမ်းတိုက်ခန်းတွေ မီးကူးစက်လောင်ကျွမ်းခဲ့တာပါ။

မီးလောင်မှုကြောင့် သွပ်မိုးပျဉ်ကာ ၄ ခန်းတွဲ ၂ တွဲ၊ ၁၀ပေ ၁၅ ပေ သွပ်မိုးပျဉ်ကာ အခန်း ၁ ခန်း စုစုပေါင်း အခန်း၉ခန်းနဲ့ အတွင်းပစ္စည်းတွေ ဆုံးရှုံးခဲ့ပြီး ကာလတန်ဖိုး ကျပ် ၅၆ သိန်းကျော်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မီးလောင်ရာကို မီးသတ်ယာဉ် ၉ စီး၊ ရေသယ်ယာဉ် ၅ စီး ရေဂါလံ ၇၀၀၀ နီးပါးသုံးစွဲကာ မီးသတ်၊ ရဲ၊ ထောင်ဝန်ထမ်းတွေ စုစုပေါင်း ၂၀၀လောက်က မိနစ် ၂၀ ကျော်ကြာ ငြိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။

မီးလောင်မှုကြောင့် မီးဘေးဒုက္ခခံစားနေရတဲ့ အိမ်ထောင်စု ၉ စုက မိသားစုဝင် ၃၆ဦးကို ဒီနေ့မနက်က ဝန်ကြီးချုပ်ကိုယ်တိုင် မီးလောင်ပြင်ကိုလာရောက် ကွင်းဆင်းကြည့်ရှုပြီး အားပေးနှစ်သိမ့်ခဲ့ပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး မီးပေါ့ဆစွာသုံးစွဲတဲ့ ဒုတပ်ကြပ်အေးအေးစိုးကိုတော့ မုံရွာမြို့မရဲစခန်းမှာ (ပ) ၈၅၀/၂၀၁၈၊ ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေးယူးထားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ မီးလောင်မှုအကြိမ်ရေ ၂၃၈ ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၁၇၈၆.၄၀ သန်းရှိခဲ့ပါတယ်။

မီးလောင်မှုအများဆုံးက ပေါ့ဆမီးဖြစ်ခဲ့ပြီး ၇၄ ကြိမ်၊ လျှပ်စစ်မီး ၅၇ ကြိမ်၊ ရှို့မီး ၄၈ ကြိမ်၊ မီးဖိုမီး ၄၅ ကြိမ်၊ အလိုအလျောက်မီး ၇ ကြိမ်၊ တောမီး ၆ ကြိမ်နှင့် မိုးကြိုးမီး ၁ ကြိမ်တို့ ဖြစ်ပွားခဲ့ပါတယ်။ စစ်ကိုင်းတိုင်းအတွင် မီးလောင်မှုတွေထဲမှာ နန်းဖာလုံဈေးမီးလောင်မှုက ဆုံးရှုံးမှုတန်ဖိုး အများဆုံး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013