DVB Logo
Home
မြန်မာသတင်း
သမ္မတက ဥပဒေနဲ့အညီ အမိန့်ပေးလာရင် တပ်မတော်လိုက်နာမည်  (ရုပ်သံ)
DVB
·
May 30, 2018
သမ္မတက ဥပဒေနဲ့အညီ အမိန့်ပေးလာရင် တပ်မတော်လိုက်နာမည်  (ရုပ်သံ)
Donate to DVB

တပ်မတော်အနေနဲ့ နိုင်ငံတော်ရဲ့ ဦးဆောင်မှုအောက်မှာပဲ ညွန်ကြားချက်အတိုင်း သွားနေတာဖြစ်ပြီး သမ္မတက ဥပဒေနဲ့အညီ အမိန့်ပေးလာရင် တပ်မတော်အနေနဲ့ လိုက်နာဆောင်ရွက်ဖို့ အသင့်ပဲလို့ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး က ပြောပါတယ်။

မေလ ၂၉ ရက်က နေပြည်တော်မှာ  ပြုလုပ်တဲ့ အစိုးရရဲ့ ပြည်သူ့အတွက် ဒုတိယ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှု တွေနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောတာပါ။

“တပ်မတော်အနေနဲ့ကတော့ နိုင်ငံတော်ရဲ့ ဦးဆောင်မှုအောက်မှာပဲ ရှိပါတယ်။ နိုင်ငံတော်ရဲ့ ညွန်ကြားချက်အတိုင်းပဲ သွားနေတာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတက ဒီနိုင်ငံရဲ့ အကြီးအကဲ ဖြစ်ပါတယ်။ ဒီနိုင်ငံရဲ့ အကြီးအကဲ ဖြစ်တဲ့အတွက်ကြောင့် သူ့ကနေပြီးတော့ တရားဥပဒေနဲ့ ညီညွတ်တဲ့ အမိန့်ပေးလာမယ်ဆိုရင် လိုက်နာဆောင် ရွက်ဖို့အသင့်ပါပဲ။ ဘာမှ မလိုက်နာဆောင်ရွက်စရာအကြောင်းမရှိပါဘူး " လို့ ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက ဆိုပါတယ်။

ဒါ့အပြင် တပ်မတော်က ပူးပေါင်းဆောင်ရွက်ခဲ့လို့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီး ဖြစ်ပေါ်ခဲ့တာဖြစ်တယ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ နောင့်နှေးကြန့်ကြာနေတာဟာလည်း တပ်မတော်ကြောင့် မဟုတ်ဘူးလို့လည်း ကာကွယ်ရေးဌာန တာဝန်ရှိသူက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013