DVB Logo
Home
မြန်မာသတင်း
သတ်မှတ်ချိန်အတွင်း ကျောင်းဆောက်လုပ်ပြီးစီးခြင်းမရှိသည့် ကုမ္ပဏီများကို ဒဏ်တပ်
DVB
·
May 30, 2018
သတ်မှတ်ချိန်အတွင်း ကျောင်းဆောက်လုပ်ပြီးစီးခြင်းမရှိသည့် ကုမ္ပဏီများကို ဒဏ်တပ်
Donate to DVB

 

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်း တည်းဆောက်နေတဲ့  အခြေခံပညာ ကျောင်း အဆောက်ဦတွေဟာ သတ်မှတ်ကာလအတွင်း ဆောက်လုပ်ပြီးစီးခြင်းမရှိတဲ့အတွက် တာဝန်ယူထားတဲ့ ကုမ္ပဏီက ဒဏ်ကြေးပေးဆောင်နေရပါတယ်။

Eaksatayamg ကုမ္ပဏီနဲ့ ရွှေတိုင်းပြည်ကျော်ကုမ္ပဏီတို့က တာဝန်ယူ တည်ဆောက်နေတဲ့ ပညာရေးဌာနဆိုင်ရာအဆောက်အဦ ၁၀ ခုလောက်ဟာ သတ်မှတ်ရက် အတွင်း မပြီးစီးသေးတဲ့အတွက် ဒဏ်ကြေးပေးဆောင်ခိုင်းထားတာလို့ ဆောက်လုပ်ရေးဌာနမှ သိရပါတယ်။

အင်းတော်မြို့နယ် လမ်းဦးစီးဌာနမှ ဒေါ်အေးအေးထွန်းက “မပြီးသေးတဲ့ ကျောင်းတွေကတော့ အကြောင်းကြောင်းပေါ့နော်။ ဒါပေမယ့် စာချုပ်ပါ စည်းကမ်းကတော့ မတ်လ ၃၁ ရက်နေ့ကို ပြီးရမယ်။ အကြောင်းကြောင်းကြောင့် မပြီးတဲ့ကျောင်းတွေကို ဒဏ်ကြေး ပေးသွင်းခိုင်းထားပါတယ်။ နိုင်ငံတော်ကို ပေးဆောင်ခိုင်းထားပါတယ်။ သူတို့ကလည်း ထပ်တိုးဆောင်ရွက်ခွင့်ကို ဇွန်လအထိ တောင်းဆိုထားတယ်။ တင်ဒါကလည်း နောက်ကျတော့ အခုလည်း ပြီးခါနီးပါပြီ။ အန်တီတို့ စီခန့်ကော်မတီနဲ့ အမြဲတမ်း စစ်ဆေး ဆောင်ရွက်နေပါတယ်လို့” ပြောပါတယ်။

သတ်မှတ်ရက်အတွင်း တည်ဆောက်မပြီးသေးတဲ့ ကျောင်းတွေထဲမှာ ကျွန်းတော အ.ထ.က(ခွဲ)၊ ရေတွင်းကုန်း အ.ထ.က၊ မဲဇာအနောက်ဘက်က သက္ကယ်ကျင်း ထန်းတော အ.မ.က ၊ ကရင် အ.မ.က ကျောင်းနဲ့ နားခွင်းကျင် အ.မ.က ကျောင်း တွေပါဝင်ပါတယ်။

အင်းတော်မြို့နယ်ပညာရေးမှူး ဦးကျော်ဇံလင်းက “ကန်ထရိုက်ဆွဲတာ နောက်ကျတယ်၊ မကျဘူးဆိုတာ ကုမ္ပဏီရဲ့ အပိုင်းဖြစ်ပါတယ်။ ကျနော်တို့က ကျောင်းဖွင့်အမီ ဒီကျောင်းဆောင်တွေ ပြီးမှသာလျှင် ကလေးတွေရဲ့ ပညာသင်ကြားရေးမှာ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။ ရေတွင်းကုန်းကျောင်းမှာ ကျောင်းသားနဲ့ စာသင်ခန်းနဲ့ မလောက်ဘူး ဖြစ်နေပါတယ်။ ဖြစ်နိုင်ရင် ကျောင်းဖွင့်အမီ ကျောင်းဆောင်များကို အတတ်နိုင်ဆုံး နေ့ရောညပါ ကြိုးစားပြီး ဆောင်ရွက်ပေးရင် ပညာသင်ကြားရေးမှာ အဆင်ပြေနိုင်မယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။

အင်းတော်မြို့နယ်မှာ ပညာရေးဌာနအတွက် ရွှေဖြိုးထွန်းကုမ္ပဏီ၊ Eaksatayamg ကုမ္ပဏီ၊ ရွှေတိုင်းပြည်ကျော် ကုမ္ပဏီတို့က လာရောက် တည်ဆောက်တဲ့ ပညာရေးဆိုင်ရာ အဆောက်အဦတွေထဲမှာ ရွှေဖြိုးထွန်းကုမ္ပဏီက တည်ဆောက်တဲ့ စာသင်ကျောင်းတွေကတော့ သတ်မှတ်ရက်အတွင်း ပြီးစီးသွားလို့ ပညာရေးဌာနထံ အပ်နှံပြီး ဖြစ်ပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013