DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းကြောင့် သံတွဲမြို့နယ်တွင် ကြိုးဖုန်းလိုင်းနှင့်လျှပ်စစ်မီးတိုင်များ ပြိုလဲပျက်စီး
DVB
·
May 30, 2018
မုန်တိုင်းကြောင့် သံတွဲမြို့နယ်တွင် ကြိုးဖုန်းလိုင်းနှင့်လျှပ်စစ်မီးတိုင်များ ပြိုလဲပျက်စီး
1 / 8
Donate to DVB

 

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ မနေ့က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် သစ်ပင်တွေ ဖုန်းတိုင်တွေနဲ့  လျှပ်စစ်မီးတိုင်တွေ ပြိုလဲခဲ့ပြီး လူတွေကတော့ ထိခိုက်ဒဏ်ရာရ သေဆုံးတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

သံတွဲမြို့နယ်ထဲက ငပလီမြို့အပါအဝင် ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၂၀ လောက်မှာ အပျက်အစီးတွေ ရှိခဲ့တာပါ။

“အပင်တွေလဲတွေ ကြိုးတွေနဲ့ ငြိပြီးတိုင်တွေ လဲကုန်တာပေါ့။ လျှပ်စစ်မီးကတော့ ဓာတ်အားခွဲရုံမှာ လျှပ်စစ်မီးရှိတယ်။ ရှင်းလင်းရေးလုပ်ပြီးရင် မီးပြန်ရမှာပါ။ ကြိုးဖုန်းလိုင်းတွေ ကတော့ ပြတ်နေတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။

အပျက်အစီးတွေကို စာရင်းပြုစုဆဲဖြစ်ပြီး အိမ်တွေခေါင်လန်တာ၊ အပင်တွေလဲတာ လောက်ပဲ ရှိတယ်လို့ မြို့နယ်အုပ်ချုပ်ရေးရုံး တာဝန်ရှိသူတယောက်က ပြောပါတယ်။

ငပလီမြို့မှာတော့ မုန်တိုင်းအရှိန်ကြောင့် သစ်ပင်တွေပြိုလဲတာ၊ ဓာတ်တိုင်တွေလဲကျတာ တွေ ဖုန်းတိုင်တွေလဲကျတာ ရှိခဲ့တယ်လို့ ငပလီအုပ်ချုပ်ရေးမှူး ဦးကျော်သူလှိုင်က ဒီကနေ့ မနက်ပိုင်းက ဒီဗွီဘီကို ပြောပါတယ်။

“စားသောက်ဆိုင်တွေပျက်စီးတာတွေရှိဘူး။ ဓာတ်တိုင်လဲတာတို့၊ ဖုန်းတိုင်လဲတာတော့ အနည်းငယ် ရှိတယ်။ လူ၊ တိရစ္ဆာန်တို့ ထိခိုက်သေဆုံးတာတော့ မရှိဘူး”လို့ ပြောပါတယ်။

ဒါ့အပြင် လူနေအိမ်တွေလည်း သစ်ပင်ပိလို့ ပျက်စီးတယ်လို့ ငပလီတောင်သူလယ်သမား သမဂ္ဂဥက္ကဋ္ဌ ဦးခင်မောင်အေးက ဒီဗွီဘီကိုပြောပါတယ်။

“ဇီးဖြူကုန်း အောင်သပြေကုန်းရပ်ကွက်မှာဆိုရင် မုန်တိုင်းကြောင့် အပေါ်အမိုးတွေ။ ထုပ်တန်းတွေ အကုန်ကျွတ်ပါသွားတယ်။ နေအိမ် သုံးလုံးကတော့ အခေါင်အမိုးလန်တယ်။ နောက်ပြီး အဲဒီအနားက ဓာတ်တိုင် ၅ လုံးလောက် လဲသွားတယ်”လို့ပြောပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ပျက်စီးသွားတာတွေကို မီးသတ်ဌာန အပါအဝင် သက်ဆိုင်ရာက ရှင်းလင်းနေပြီး မုန်တိုင်းကြောင့် ရခိုင်တပြည်နယ်လုံးမှာ ပျက်စီးဆုံးရှုံးတဲ့စာရင်းကို လောလောဆယ်မှာ စိစစ်နေတာကြောင့် အသေးစိတ်ကိုမပြောနိုင်သေးဘူးလို့ ရခိုင်စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က ဒီဗွီဘီကိုပြောပါတယ်။

သတင်း- ဝဏ္ဏခွာညို၊ ပိုင်စိုး

ဓာတ်ပုံ- အာရီယံနွယ်(ငပလီ)၊ ကိုဇော်ဝင်းလှိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013