DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးနှောင့်နှေးနေတာ တပ်မတော်ကြောင့်မဟုတ်ဟု ကာကွယ်ရေးဝန်ကြီးဌာနပြော
DVB
·
May 30, 2018
ငြိမ်းချမ်းရေးနှောင့်နှေးနေတာ တပ်မတော်ကြောင့်မဟုတ်ဟု ကာကွယ်ရေးဝန်ကြီးဌာနပြော
Donate to DVB

 

ငြိမ်းချမ်းရေး နှောင့်နှေးနေတာ တပ်မတော်ကြောင့် မဟုတ်ဘဲ အပြန်အလှန် ယုံကြည်မှုနဲ့ အမြတ်မထုတ်ဘူးဆိုရင်တော့ နှောင့်နှေးစရာ အကြောင်းမရှိဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးက ပြောပါတယ်။

“နှောင့်နှေးနေတယ်လို့ မမြင်ပါဘူး။ ငြိမ်းချမ်းရေးရဖို့အတွက်  အန်စီအေ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းမယ်ဆိုရင် ဒီငြိမ်းချမ်းရေးက မရစရာ အကြောင်းမရှိပါဘူး။ ဒီပေါ်မှာ လျှောက်လှမ်းနိုင်ဖို့အတွက်ကိုလည်း ကျနော်တို့က တယောက်နဲ့ တယောက် ယုံကြည်မှု ရှိရမယ်။ ရိုးသားမှု ရှိရပါမယ်။ ဒီပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ အမြတ်မထုတ်ဖို့ လိုပါတယ်။ ဒီလိုသာ ခံယူထားမယ်ဆိုရင် ဒီဟာသည် နှောင့်နှေးစရာ အကြောင်း မရှိပါဘူး”လို့ ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက ပြောဆိုခဲ့တာပါ။

မေလ ၂၉ ရက်က နေပြည်တော်၊ ပြန်ကြားရေးရုံးမှာ ပြုလုပ်ခဲ့တဲ့ အစိုးရရဲ့ ပြည်သူ့အတွက် ဒုတိယ ၁ နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုတွေနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် တဦး မေးမြန်းချက်ကို ထည့်သွင်းဖြေကြားခဲ့တာပါ။

“ အန်စီအေဆိုတာဟာ တဦးတယောက်တည်း လိုလားချက်မဟုတ်ဘဲ တိုင်းရင်းသား အဖွဲ့တွေရဲ့ သူတို့အချင်းချင်းကိုက စုပေါင်းဆွေးနွေးပြီးတော့မှ လိုချင်တဲ့ အချက်ရသည်အထိ လုပ်ထားတာ ဖြစ်တဲ့အတွက်ကြောင့် ဒါကို ထည့်သွင်းစဉ်းစားပေးဖို့ လိုပါလိမ့်မယ်။ ဒီအပေါ်မှာ ငြိမ်းချမ်းရေးဖော်ဆောင်မှု နှောင့်နှေးကြန့်ကြာခြင်းဆိုတဲ့ အကြောင်းအရင်းဟာ တပ်မတော် ကြောင့် မဟုတ်ပါဘူး။ ဒီပေါ်မှာ မူတည်ပြီး သူတို့ရရှိထားတဲ့အတွက် အခွင့်အရေးတွေ လက်နက်စွဲကိုင်ခွင့် တောင်းဆိုချင်တဲ့အချက်တွေ အဲဒီအပေါ်မှာ မူတည်ပြီးတော့ပဲ ကြန့်ကြာနေရခြင်း ဖြစ်တယ်လို့ ထင်မြင်ယူဆပါတယ်”လို့ ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက ဖြေကြားခဲ့ ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013