DVB Logo
Home
မြန်မာသတင်း
မိုးများသဖြင့် စစ်တွေ-အမ်း ကားလမ်းမပေါ် လမ်းချော်ပြီး လမ်းပိတ်နေ
DVB
·
May 30, 2018
မိုးများသဖြင့် စစ်တွေ-အမ်း ကားလမ်းမပေါ် လမ်းချော်ပြီး လမ်းပိတ်နေ
1 / 6
Donate to DVB

 

မုန်တိုင်းရဲ့ အရှိန်ကြောင့် မိုးများပြီး စစ်တွေ-အမ်း လမ်းမကြီးပေါ်က အမ်းမြို့မှ အထွက် ၆ မိုင်၊ မီးလောင်ချောင်းကျေးရွာအနီးမှာ လမ်းချော်နေတဲ့အတွက် ခရီးသည်ယာဉ်နဲ့ ကုန်တင်ယာဉ် ၁၀၀ ကျော်လောက် မနေ့မွန်းလွဲပိုင်းကတည်းက  ခရီးဆက်သွားလို့ မရနိုင်ဘဲ ခရီးကြန့်ကြာနေရပါတယ်။

မျိုးချစ်သူယာဉ်လိုင်းက ဦးသန်းချိုက “စစ်တွေက ပုံမှန် မနက်စောစောထွက်ပြီး ညနေ ၂ နာရီလောက်မှာ ရောက်ကြတယ်။ မီးလောင်ချောင်းနားမှာ အခုလမ်းချော်နေပြီး ဆက်သွားလို့မရတော့ တစီးပြီး တစီး သွားလို့ရအောင် လုပ်နေရတယ်။ ချော်တဲ့နေရာ ကျောက်ထပ်ဖြည့် နောက်တစီး ထပ်ဖြတ်၊ ပြီးကျောက်ထပ်ဖြည့် တစီးဖြတ် အဲဒီလို သွားနေရတယ်။ မိုးများပြီး လမ်းချော်နေတာပါ" လို့  ပြောပါတယ်။

လမ်းချော်တဲ့နေရာဟာ မီးလောင်ချောင်းကျေးရွာ၊ ကံ့ကော်တထောင်ဘုရားအနီးက တံတားငယ်တခု ဆောက်လုပ်ရေးလုပ်ငန်းခွင်နားမှာ ဖြစ်ပြီး လမ်းချော်တဲ့နေရာကို လုပ်သားတွေနဲ့ ချက်ချင်း ပြုပြင်နေပေမယ့် မိုးများနေတဲ့အတွက် ကြန့်ကြာမှုတွေ ဖြစ်နေရတာပါ။

စစ်တွေ-အမ်း ခရီးသည်ပို့ဆောင်နေတဲ့ ယာဉ်မောင်း ကိုဖြိုးဝေအောင်က “ကျနော်တို့ စစ်တွေက မနက်စောစော ထွက်လာခဲ့တဲ့ ယာဉ်အားလုံး အမ်းမြို့ထဲကို မဝင်နိုင်သေးဘဲ တစီးပြီးမှ တစီး ဖြတ်နေရတာပါ။ လမ်းချော်တဲ့နေရာကို ဖြတ်နိုင်ဖို့ပဲ သုံးနာရီကျော် ရပ်စောင့်နေခဲ့ရတယ်”လို့ ပြောပါတယ်။

အမ်းမြို့နယ်ထဲက ဖြတ်သန်းသွားတဲ့ အဝေးပြေးယာဉ်လိုင်းပေါင်း ၃၅ လိုင်းနဲ့ နေ့စဉ် ခရီးသည်တင် ယာဉ်စီးရေ ၂၀၀ ခန့်၊ ကုန်တင်ယာဉ် ၁၀၀ ခန့် နေ့စဉ် ဖြတ်သန်း သွားလာနေကြတယ်လို့ အမ်းမြို့နယ် ပုဂ္ဂလိက မော်တော်ယာဉ်များ ကြီးကြပ်ရေးကော်မတီက သိရပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အနှံ့ မိုးရွာသွန်းနေပြီး ကျောက်ဖြူ၊ မာန်အောင် စတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းက မြို့တွေမှာ လေပြင်းတိုက်ခတ်ခဲ့တာဖြစ်ပါတယ်။

အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ မနေ့ညက အမ်းမြို့နားကနေ ဖြတ်ကျော်ဝင်ရောက်သွားပြီး ကုန်းတွင်းပိုင်း မုန်တိုင်းငယ်အဖြစ် ဆက်လက်တည်ရှိ နေတယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013