DVB Logo
Home
မြန်မာသတင်း
မာန်အောင်မြို့နယ်၌ လေပြင်းတိုက် နေအိမ်ပေါ်အုန်းပင်ကျိုးကျပိမိပြီး အဘိုးအို ၁ဦးသေဆုံး
DVB
·
May 30, 2018
မာန်အောင်မြို့နယ်၌ လေပြင်းတိုက် နေအိမ်ပေါ်အုန်းပင်ကျိုးကျပိမိပြီး အဘိုးအို ၁ဦးသေဆုံး
Donate to DVB

 

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်မှာ  လေပြင်းတိုက်ခတ်လို့ နေအိမ်ပေါ် အုန်းပင်ကျိုးကျပိမိပြီး အသက် ၇၈နှစ်အရွယ် အဘိုးအိုတဦးသေဆုံးသွားကာ လူနှစ်ဦးဒဏ်ရာရ သွားတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

မာန်အောင်မြို့နယ်၊ မျှော်တော်ဦးကျေးရွာမှာ မေလ ၂၉ ရက် မနက်က လေပြင်းတိုက်ခတ်နေစဉ် ဦးပြည့်ထွန်းနဲ့ ဇနီးဖြစ်သူ ဒေါ်စောမြဦးတို့ရဲ့ နေအိမ်ပေါ်သို့ အုန်းပင် ကျိုးကျပိမိကာ နှစ်ဦးလုံးဒဏ်ရာရရှိခဲ့ပြီး ဦးပြည့်ထွန်း(အသက် ၇၈ နှစ်)ကတော့ သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

အလားတူ သစ်ဝအုပ်စု၊ တန်လှောင်ကုန်းကျေးရွာမှာ လူနေအိမ်တစ်အိမ် အုန်းပင်ပိမိလို့ ပျက်စီးခဲ့သလို သိမ္ဘလကျေးရွာမှာတော့  အမျိုးသမီးတဦး မန်းကျဉ်းပင်ကျိုးကျပိမိလို့ ထိခိုက်ဒဏ်ရာရရှိပြီး မာန်အောင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူနေရတယ်လို့ အစိုးရသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဓာတ်ပုံ- MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013