DVB Logo
Home
မြန်မာသတင်း
လက်ရှိပညာသင်နှစ်အတွက် ကျောင်းဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်းပေါင်း ၃၀၀၀၀ နီးပါး ခွဲဝေသတ်မှတ်
DVB
·
May 30, 2018
လက်ရှိပညာသင်နှစ်အတွက် ကျောင်းဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်းပေါင်း ၃၀၀၀၀ နီးပါး ခွဲဝေသတ်မှတ်
Donate to DVB

အခု ၂၀၁၈-၁၉ ပညာသင်နှစ်အတွက် ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုရန်ပုံငွေ ကျပ်သန်းပေါင်း ၃၀၀၀၀ နီးပါး ခွဲဝေသတ်မှတ်လိုက်တယ်လို့ အခြေခံပညာဦးစီးဌာနရဲ့ ညွှန်ကြားစာအရ သိရပါတယ်။

ဒီရန်ပုံငွေတွေကို ကမ္ဘာ့ဘဏ်ချေးငွေနဲ့ ဆောင်ရွက်တာဖြစ်ပြီး အခြေခံပညာကျောင်းတွေ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ၊ ရန်ကုန်နဲ့ စစ်ကိုင်း ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းဖွံ့ဖြိုးရေးတက္ကသိုလ်နဲ့ ပညာရေးကောလိပ်တွေလည်း ရရှိမှာ ဖြစ်ပါတယ်။

ဒါဟာ ၂၀၁၈ ခုနှစ်၊ ဧပြီလကနေ စက်တင်ဘာလအထိ ၆ လ ဘတ်ဂျက်ကနေ ရရှိတာ ဖြစ်ပါတယ်။ ၂၀၁၈ မတ်လမှာရှိနေတဲ့ ကျောင်းနဲ့ ကျောင်းသားစာရင်းတွေအရ ရန်ပုံငွေ စုစုပေါင်း ကျပ်သန်း ၂၈၇၃၅ ကျော်ရမယ်လို့ ဆိုပါတယ်။

ဒါပေမယ့်  ခွင့်ပြုရန်ပုံငွေအရ ကျပ်သန်း ၂၃၈၉၂ ကျော်ပဲ ရတာကြောင့် မူလတန်းနဲ့ အလယ်တန်းကျောင်းတွေကိုပဲ ပထမအဆင့်အနေနဲ့ ပေးဦးမှာဖြစ်ပြီး ဒီငွေတွေကို မြို့နယ်ပညာရေးမှူးရုံးတွေကနေ ထုတ်ယူ ခွဲဝေပေးရမှာ ဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနရဲ့ ညွှန်ကြားစာအရ သိရပါတယ်။

၂၀၁၅-၁၆ ခုနှစ်က တနိုင်ငံလုံးမှာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁၅၃၈၊ အခြေခံပညာ မူလတန်းကျောင်း ၃၅၆၅၀၊ အလယ်တန်းကျောင်း ၆၂၂၄ နဲ့ အထက်တန်း ကျောင်းပေါင်း ၃၅၁၃ ရှိပြီး အခြေခံပညာကျောင်းသားပေါင်းကတော့ ၉၂ သိန်းကျော်ရှိတယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရသိရပါတယ်။

ဓာတ်ပုံ - အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013