DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးကဗျာရွတ်သည့် ကဗျာဆရာများကို ရုံးထုတ်စစ်ဆေး
DVB
·
May 29, 2018
ငြိမ်းချမ်းရေးကဗျာရွတ်သည့် ကဗျာဆရာများကို ရုံးထုတ်စစ်ဆေး
Donate to DVB

 

ရန်ကုန်မြို့လယ်ခေါင် မဟာဗန္ဓုလပန်းခြံထဲမှာ ငြိမ်းချမ်းရေးကဗျာရွတ်ခဲ့လို့  တရားစွဲခံထားရတဲ့ ကဗျာဆရာတွေကို ကျောက်တံတားမြို့နယ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်ရာမှာ ကဗျာဆရာတွေက ငြိမ်းချမ်းရေး ထပ်မံတောင်းဆိုခဲ့ကြပါတယ်။

ပြည်တွင်းစစ်တွေရပ်တန့်ဖို့အတွက် ငြိမ်းချမ်းရေးကဗျာရွတ်ဆိုတာကို ကဗျာဆရာတွေ ပူးပေါင်းပြီး ပြီးခဲ့တဲ့မေလ ၁၄ ရက်နေ့က ရန်ကုန်မှာ ပြုလုပ်ခဲ့တာပါ။

ဒီကဗျာရွတ်ပွဲမှာပါဝင်ခဲ့တဲ့ ကိုဇေယျာလွင်၊ ကိုခန့်မင်းထက်၊ ကိုရွှေကြယ်မိုးတို့ကို ငြိမ်းစုစီ ပုဒ်မ ၁၉နဲ့ ရဲက တရားစွဲဆိုထားတာဖြစ်ပြီး ရုံးထုတ်တဲ့နေ့မှာပဲ ကဗျာဆရာတွေက ကျောက်တံတားမြို့နယ်တရားရုံးရှေ့မှာ ငြိမ်းချမ်းရေးအတွက် တောင်းဆိုတဲ့ ကမ်ပိန်းကို ထပ်မံပြုလုပ်ခဲ့ပါတယ်။

ကဗျာဆရာ ရွှေကြယ်မိုးက “ကျနော်တို့က ငြိမ်းချမ်းရေးကဗျာရွတ်ပွဲကို ပြုလုပ်ခဲ့တာ အခု ကျနော်တို့ကို ရှေ့မှာပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးချီတက်လမ်းလျောက်သူတွေနဲ့ တပေါင်းတည်း ထားပြီး တရားစွဲဆိုထားတာကို တွေ့ရပါတယ်။ ကျနော်တို့ ကဗျာဆရာတွေဟာ ဒီပန်းခြံထဲမှာ အပတ်စဉ်တနင်္ဂနွေနေ့တိုင်းလိုလို ကဗျာရွတ်ပွဲတွေ လုပ်တတ်ပါတယ်။ ရဲမှူးက ဒီနေ့ရုံးထုတ်မှာ ရှေ့က ငြိမ်းချမ်းရေးအတွက် ချီတက်လမ်းလျှောက်သူတွေနဲ့ ပူးတွဲထွက်ဆိုသွားတာ တော်တော်လေး လွဲချော်နေပါတယ်။ ဒီပွဲဟာ မြန်မာနိုင်ငံမှာရှိတဲ့ ကဗျာဆရာတွေ ငြိမ်းချမ်းရေး အတွက် ကဗျာရွတ်ဆိုတဲ့ ပွဲဆိုတာကိုပြောချင်ပါတယ်”လို့ ပြောပါတယ်။

ဒီကနေ့ တရားရုံးမှာ ကျောက်တံတားစခန်းမှူးက ခုတရားစွဲခံထားရတဲ့ ကဗျာဆရာတွေဟာ  တာမွေမြို့နယ်မှာပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆန္ဒပြသမားတွေနဲ့ အတူတူပဲဆိုတဲ့ အကြောင်းကို ထွက်ဆိုခဲ့တဲ့အပေါ်မှာလည်း ကဗျာဆရာတွေက ကန့်ကွက်ပြောဆိုခဲ့ကြပါတယ်။

ခုမေလ ဒုတိယပတ်အတွင်းမှာ  ငြိမ်းချမ်းရေးအတွက် ပုံစံမျိုးစုံနဲ့ တောင်းဆိုဆန္ဒပြသူတွေ ကို ဆက်တိုက်ဆိုသလို ငြိမ်းစုစီပုဒ်မနဲ့ တရားစွဲဆိုလာတာဟာ  ၁၇ ဦးထိ ရှိနေပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013