DVB Logo
Home
မြန်မာသတင်း
လေပြင်းတိုက်ခတ်မှုကြောင့် ရန်ကုန်တိုင်းမြို့နယ်များတွင် သစ်ပင်များလဲကျ
DVB
·
May 29, 2018
လေပြင်းတိုက်ခတ်မှုကြောင့် ရန်ကုန်တိုင်းမြို့နယ်များတွင် သစ်ပင်များလဲကျ
1 / 4
Donate to DVB

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အတော်များများမှာ ဒီကနေ့ လေပြင်းတွေ တိုက်ခတ်မှုကြောင့်  သစ်ပင်တွေ လဲကျခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့ သတင်းထုတ် ပြန်ချက်အရသိရပါတယ်။

စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ကြည့်မြင်တိုင် ဘူတာရုံ ဝင်းအတွင်းမှာ ဒီကနေ့ မနက် ၁၀ နာရီ ၄၅ မိနစ်လောက်က လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်တွေ လဲကျခဲ့ပြီး ဒီကနေ့ မွန်းလွဲ ၁၂ နာရီကျော်ကလည်း  မြေနီကုန်း(မြောက်) ရပ်ကွက်၊ ရှမ်းကုန်း လမ်းနဲ့ သုခလမ်းထောင့်မှာ လေပြင်းတိုက်ခတ်လို့ သစ်ပင်လဲကျခဲ့တယ်လို့ ဆိုပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်၊(ခ)ရပ်ကွက်၊ အောင်မင်္ဂလာလမ်း၊ အမှတ်(၆)၊ မူလတန်းကျောင်းဝန်းမှာ ကျွန်းပင်လဲကျပြီး မီးရထားဝန်ထမ်းလိုင်းခန်းပေါ်သို့ ပိမိခဲ့သလို  ဝေဇယန္တာအိမ်ယာဝန်းရှိ လမ်းဘေး ဗန်ဒါပင် လဲကျ ကားပေါ်ပိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ကြီးမြို့နယ်၊ ဗောဓိကုန်းရပ်ကွက်၊ ဆေးရုံလမ်းနဲ့ မြို့လယ်လမ်းထောင့်မှာ လေပြင်းတိုက်ခတ်လို့ သစ်ပင်လဲကျခဲ့ပြီး  မှော်ဘီမြို့နယ် နည်းပညာတက္ကသိုလ်GTU ကျောင်းရှေ့က ညောင်ပင်လဲကျခဲ့လို့ ရှင်းလင်းဆောင်ရွက်ခဲ့ရတယ်လို့ သိရပါတယ်။

သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်၊ နွယ်နီ(၁)လမ်းမှာလည်းသစ်ပင်လဲကျမှုရှိခဲ့ပြီး ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်တွေမှာတော့  ဒီမနက် အစောပိုင်းကတည်းက လေပြင်းတိုက်ပြီး လူနေအိမ်တွေ အတော်များများ ပျက်စီးသွားခဲ့ရပါတယ်။

ဓာတ်ပုံ-မီးသတ်တပ်ဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013